ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄
ဟိုပုံးမြို့နယ်၊ နောင်ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုတွင် ရေကြီးမြေပြိုမှုများကြောင့် လမ်းများပျက်စီးသွားပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်ဟု အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ နောင်ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုအတွင်းတွင် စက်တင်ဘာလ ဒုတိယပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသခံများအဓိကအသုံးပြုနေသည့်လမ်းများ ဆိုးဝါးစွာပျက်စီးခဲ့ရပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်။
“အခုဒီဘက်မှာလမ်းပန်းဆက်သွယ်ရေးက တော်တော်လေးကိုခက်ခဲသွားပြီ၊ ထီတခုနဲ့ မဲတခြောင်ရွာဘက်မှာဆိုရင် လမ်းကလုံးဝနှစ်ခြမ်းကွဲသွားတာမျိုးလည်းရှိတယ် တစ်ချို့နေရာဆိုလမ်းကအသစ်ဖောက်မှအဆင်ပြေနိုင်မယ့်အနေအထားတွေလည်းရှိတော့ အကူအညီတွေအရမ်းလိုအပ်နေတယ် စက်ယန္တယားအကူအညီတွေကအစပေါ့”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပျက်စီးသွားသည့်လမ်းများကို ဒေသခံများကကိုယ်ထူကိုထပြန်လည်ပြုပြင်ဆောင်ရွက်နေကြပြီး ပြုပြင်ထားသည့်လမ်းများကလည်း ရေရှည်အတွက်အဆင်ပြေမှုမရှိနိုင်ကြောင်း သိရသည်။
“အခုဆိုရင်ရွာသားတွေကကိုယ်ထူကိုယ်ထပဲပြန်ပြင်နေကြတယ် ဝါးတံတားငယ်လေးတွေလုပ်ကြတယ် လူသွားဖို့နဲ့ဆိုင်ကယ်အတွက်တော့ အဆင်ပြေသလောက်တော့ရှိတယ် ကားတွေကတော့ခုထိသွားလာလို့မရသေးဘူး လမ်းပြင်ဖို့အထက်အစိုးရကို တောင်းဆိုထားတာတော့ရှိတယ် သူတို့ကလည်းဘယ်ချိန်မှလာပြင်ပေးမလည်းမသိဘူး”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိအချိန်တွင် လမ်းများပြုပြင်နိုင်ရန်အတွက်အလှူရှင်တစ်ချို့ လာရောက်လှူဒါန်းမှုရှိသော်လည်း အဆင်ပြေမှုအပြည့်အဝမရှိသေးသည့်အတွက် အကူအညီများ လိုအပ်နေသေးကြောင်း သိရသည်။
လမ်းများပျက်စီးသွားသည့်အတွက် ဒေသခံများသာရေးနာရေးအတွက် ရေးပေါ်သွားလာရန်လိုအပ်ပါက အခက်အခဲများဖြစ်စေပြီး အချိန်ကြန့်ကြာမှုများလည်းဖြစ်စေသည့်အတွက် လမ်းများကိုမြန်မြန်နှင့် ပြန်လည်ပြုပြင်နိုင်ပါကပိုအဆင်ပြေကြောင်း ဒေသခံများကဆိုကြသည်။
ဓာတ်ပုံ-Cj
#PPV007
#သဘာဝဘေး
#ဟိုပုံးမြို့နယ်
#နောင်ဒေး
#မောက်မွန်းကျေးရွာအုပ်စု
#မိုးသည်းထန်စွာရွာသွန်း
#ဒေသခံများအဓိကအသုံးပြုနေသည့်လမ်းများ #ဆိုးဝါးစွာပျက်စီး
#ပြန်လည်ပြုပြင်နိုင်ရန်
#အကူအညီများလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။