ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊ ၂၀၂၄
သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီမှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံးရေ (၆၀) ကျော် ကျဲချတိုက်ခိုက်ခဲ့သောကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အောက်တိုဘာ(၉)ရက်နေ့က တအာင်းတပ်မတော် (TNLA) မှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီးပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက် နှင့် ရွှေကျောင်းရပ်ကွက်အတွင်း စစ်ကောင်စီက အောက်တိုဘာလ (၉)ရက်နေ့ နေ့လည် (၃) နာရီတွင် ဗုံး(၁၀)လုံး လာရောက်ကကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက အောက်တိုဘာလ(၉) ရက်နေ့ ည (၁၀)နာရီမှာလည်း Y-12 လေယာဉ်ဖြင့် တောင်မြို့ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် နမ့်ငုံးကျေးရွာတို့တွင် ဗုံး အလုံးရေ (၅၀)ကျော် ကျဲချတိုက်ခိုက်မှုကြောင့် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲရာ သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံလင်မယား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေယာဉ်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သီပေါမြို့ ရပ်ကွက်ရှိ နေအိမ်(၁၀)အိမ်ကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သီပေါမြို့တွင် စစ်ကောင်စီနှင့် TNLA တို့ကြား စက်တင်ဘာလ(၁၄)ရက်မှစပြီး တိုက်ပွဲပြန်လည် စတင် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃၀)နီးပါး သေဆုံးကာ (၆၀)ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယခုချိန်ထိ တိုက်ပွဲပြင်းထန်းနေကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#သီးပေါမြို့
#ပန်းတိမ်တောင်ရပ်ကွက်
#ရွှေကျောင်းရပ်ကွက်
#အုပ်ချုပ်ရေးမှူးရုံး
#ပြည်သူ့နေအိမ်
#သီလရှင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။