ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၄
အင်ဒိုနီးရှာနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာထိပ်တန်းသံတမန်များရဲ့ မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း (RCSS/SSA) က အောက်တိုဘာ(၈)ရက်တွင် ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ အစည်းအဝေးအားအောက်တိုဘာ(၃)ရက် မှ(၅)ရက်အထိ ကျင်းပြခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အစိုးရက ဖိတ်ကြားမှုဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) က တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အစုအဖွဲ့များ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
(RCSS/SSA)သည် အစည်းအဝေးတွင် မည်သို့သော အကြောင်းအရာ ဆွေးနွေးခဲ့ကြောင်းကို ဖော်ပြထားခြင်း မရှိပါ။
ထိုအစည်းအဝေးတွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ(EU)၊ အင်ဒိုနီးရှားကိုယ်စားလှယ်၊အာဆီယံနှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် မြန်မာအတိုက်အခံ အင်အားစုများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
(RCSS/SSA) သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ- Tai Freedom
#မြန်မာ့အရေး
#အင်ဒိုနီးရှားနိုင်ငံ
#ဂျာကာတာမြို့
#မြန်မာ့အရေးဆွေးနွေးပွဲ
#အင်ဒိုနီးရှားနိုင်ငံအစိုးရ
#ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
#RCSS/ SSA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။