ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၄

လူပျောက်ရှာဖွေရန်ထွက်လာသည့် DLEPS ၏ အာရက္ခ ပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော် AA က အောက်တိုဘာလ 8 ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တွင် အောက်တိုဘာလ ၇ ရက်နေ့က ဝါးခုတ်ရန်ထွက်သွားသော ပြည်သူနှစ်ဦး ပျောက်ဆုံးနေသောကြောင့် လိုက်လံရှာဖွေရန် DLEPS လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သည် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ထွက်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထွက်လာ၍ (၅) မိနစ်အကြာတွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် DLEPS ၏ လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန် ၂ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်းသိရသည်။

ခြုံခိုတိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အား AA မှ လိုက်လံဖမ်းဆီး နေ လျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးအားလည်း ဆက်လက် ရှာဖွေလျက်ရှိကြောင်း AA ကဆိုသည်။

အာရက္ခတပ်တော် AA သည် အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

PPV 003
#စစ်ရေး
#ဘူးသီးတောင်မြို့နယ်
#ဝါးခုတ်ရန်ထွက်သွားသောပြည်သူနှစ်ဦး
#ပျောက်ဆုံးနေ
#DLEPS
#လုံခြုံရေးတပ်ဖွဲ့ဝင်
#ဂုံးနားကျေးရွာ
#ARSA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed