ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ရွေဘိုအကျဥ်းထောင်တွင် မတရားဖမ်းဆီးထားခံရသည့် နိုင်ငံရေးအကျဥ်းသားများကို ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး မိသားစုဝင်များ နှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။

အကျဉ်းထောင်များအတွင်း ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်းက အကြမ်းဖက်စစ်အုပ်စုမှ ခွင့်ပြုခဲ့သည်ဟုဆိုသော်လည်း ယခုအချိန်အထိ ရွှေဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်များနှင့် တွေ့ခွင့် မရရှိကြောင်းသိရသည်။

မိသားစုဝင်များမှ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်း အကျဉ်းဦးစီးဌာနမှ စာရွက်စာတမ်း တောင်းဆိုမှုများသာ ပြုလုပ်ခဲ့ ပြီး အချက်အလက်မပြည့်စုံသည်ဟုဆိုကာ ဧည့်တွေ့ခွင့်မရသည့် မိသားစုဝင်များစွာ ရှိနေဆဲဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ(၇)ရက်နေ့တွင် အခြားရာဇဝတ်မှုအကျဉ်းသားများကို မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များမှာ ဧည့်တွေ့ခွင့် မရကြသေးပဲ အကျဉ်းထောင်တွင်း ခွဲခြားဆက်ဆံခံနေကြရကြောင်း သိရသည်။

အဓိကဧည့်တွေ့ခွင့်ပိတ်ပင်မှုကိုပြုလုပ်ရန် ရွှေဘိုမြို့ရှိ တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်မှ ညွန်ကြားထားခြင်းဖြစ်သည်ဟု စုံစမ်းစီစစ်တွေ့ရှိရကြောင်း PPNM ကထုတ်ပြန်ထားသည်။

PPV003
#စစ်ကိုင်းတိုင်း
#ရွေဘိုအကျဥ်းထောင်
#မတရားဖမ်းဆီးထားခံရ
#နိုင်ငံရေးအကျဥ်းသားများ
#မိသားစုဝင်များနှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်မပေး
#မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်
#PPNM
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *