ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၄

ပင်လောင်းတောင်ဘက်တွင် စစ်ပွဲများကြောင့်တခြားရွာသို့စားနပ်ရိက္ခာထားခဲ့ရသည့်ဒေသခံများနေရပ်ပြန်သယ်ယူရာတွင် PNO ပြည်သူ့ စစ်ကခွင့်မပြုကြောင်း အောက်တိုဘာလ (၈)ရက်နေ့က ‌‌ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများကစစ်ပွဲကြောင့်စားနပ်ရိက္ခာများကို တစ်ခြားရွာတွင်သွားထားရကြောင်း သိရသည်။

“ဒီဘက်မှာကတိုက်ပွဲကခနခနဖြစ်နေတော့လေ ဆီတို့စပါးတို့ဆို တစ်ခြားရွာ​မှာပဲသွားထားတယ်လေ အဲ့တာအခြေနေကနည်းနည်းကောင်းလို့ ရွာပြန်နေပြီး စားနပ်ရိက္ခာတွေပါသယ်လာရင် PNOဂိတ်တွေကပေးမသယ်ဘူး ဒီမှာကပြေးလိုက်ပြန်နေလိုက် အဲ့လိုပဲလုပ်နေကြရတာဆိုတော့”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ရှမ်း-ကရင်နီနယ်စပ်ဘက်တွင် ယခုတစ်ဖန်တိုက်ပွဲထပ်မံဖြစ်ပွားသောကြောင့် ဒေသခံများစိုက်ပျိုးထားသည့် သီးနှံတစ်ချို့သည် ရိတ်သိမ်းချိန်တန်သော်လည်းမရိတ်သိမ်းရသည့်အတွက်ကြောင့် ပျက်စီး ရှုံးမှုများလည်း ကြုံတွေ့နေရသည်ဟု ၎င်းကပြောသည်။

တိုက်ပွဲကြောင့်ပင်လောင်းမြို့နယ်တောင်ဘက်ရှိ နမ့်ဖာမူ၊ တရွတ်မွူး၊ ညောင်မွူး၊ ဗန်းမောက်၊ ကုန်းပေါ၊ လင်ခံစသည့်ဒေသခံများသည်လည်း စစ်ဘေးတိမ်းရှောင်နေရကြောင်းသိရသည်။

#PPV007
#Humanright
#ပင်လောင်း
#စစ်ရှောင်
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။