ခမ်းသားငေါဝ်း
အောက်တိုဘာ ၇၊ ၂၀၂၄
ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသရှိ ကျေးရွာအချိူ့တွင်စစ်မှုထမ်းအတွက် ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများ ရေဘေးနစ်နာကြေး အပြည့်မရရှိကြောင်းဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင်ရေကြီးမြေပြိုမှု ကြောင့်နေအိမ်အများအပြားပျက်စီးပြီး ရပ်နီးရပ်ဝေးအလှူရှင်များက အစားအသောက်နှင့်ငွေကြေးများလာရောက်လှူဒါန်းထားမှုရှိသော်လည်း နေအိမ်ဆုံးရှုံးသူများထဲတွင် စစ်မှုထမ်းအတွက်ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများကို ရွာသူကြီးကရေဘေးနစ်နာကြေးအပြည့် မပေးကြောင်းသိရသည်။
“ကျွန်တော်တို့အိမ်လည်း နစ်နာကြေးရတဲ့စာရင်းထဲမှာပါတယ်၊ ဒါပင်မဲ့သူတို့ပြန်ဝေပေးတဲ့အချိန်မှာတော့အပြည့်ပြန်မရဘူး၊ တစ်အိမ်ကိုဘယ်လောက်ရရမယ်ဆိုတာ စာရင်းထဲမှာရှိပေမဲ့လဲသူတို့အကုန်ပြန်မပေးဘူး၊ ဘာလို့ဆိုစစ်မှုထမ်းရန်အတွက်ငွေကြေးကောက်ခံတဲ့အချိန်မှာ မထည့်နိုင်လို့တဲ့ဗျာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
နောက်ဒေသခံတစ်ဦးကလည်း”တစ်ချိူ့အလှူရှင်တွေက ဘုန်းကြီးကျောင်းမှာဘဲလာစုကြတယ်ဟော၊အလှူရှင်တွေလဲပြန်သွားရော တစ်ကယ့်တစ်ကယ်ပြန်ဝေမျှတဲ့ချိန်မှာဆိုအညီအမျှမရကြဘူး” ဟုပြောသည်။
ထို့ကြောင့်အလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းသည့်ချိန်တွင် တကယ့်ထိခိုက်နစ်နာသွားသည့်အိမ်ထောင်စုများကိုသာ အဓိကထားပြီးလှူစေချင်ကြောင်း ဒေသခံများထံမှသိရသည်။
#Photo – local
#PPV0012
#လူ့အခွင့်အရေး
#ပုံးမြို့နယ်
#မဲနယ်တောင်ဒေသ
#ရေကြီးမြေပြို
#နေအိမ်အများအပြားပျက်စီး
#ရပ်နီးရပ်ဝေးအလှူရှင်များ
#အစားအသောက်နှင့်ငွေကြေးများလာရောက်လှူဒါန်း
#စစ်မှုထမ်းအတွက်ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများ
#ရေဘေးနစ်နာကြေးအပြည့်မပေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။