ခမ်းသားငေါဝ်း

အောက်တိုဘာ ၇၊ ၂၀၂၄

လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အောက်တိုဘာလ (၆) ရက် နေ့လည် (၁)နာရီ‌ကျော် အချိန်တွင် ထပ်မံဗုံးကျဲသဖြင့် ထိခိုက်ဒဏ်ရာရသူနှင့် နေအိမ်ပျက်စီးခြင်းများရှိကြောင်း ဒေသခံထံက သိရသည်။

ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထား‌သည့် လားရှိုးမြို့တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ရပ်ကွက်(၅)တွင် ဗုံးကျဲမှုထပ်မံပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ပြီး၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

“ခုတခါ ဗုံးကျဲရာနေရာကလည်း ပြည်သူတွေနေတဲ့နေရာပဲ။ တစ်ယောက်ထိတယ်ကြားတယ်။ မြို့ကြီးကတော့ မြို့ပျက်ကြီး ဖြစ်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် အခုရက်ပိုင်း ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်ထားပြီး ပြည်သူများက ဆက်သွယ်ရေး အခက်ခဲဖြစ်နေကြောင်း သိရသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယနေ့ထိ အရပ်သားသေဆုံးမှု(၉)ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ (၄၀)ကျော်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-Crd
PPV0011
#လူ့အခွင့်အရေး
#MNDAAထိန်းချုပ်ထား‌
#လားရှိုးမြို့
#စစ်ကောင်စီမှလေယာဉ်ဖြင့်ဗုံးကျဲ
#အရပ်သားထိခိုက်ဒဏ်ရာရ
#နေအိမ်များပျက်စီးဆုံးရှုံးမှုရှိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed