ခမ်းသားငေါဝ်း
အောက်တိုဘာ ၇၊ ၂၀၂၄

ကလောမြို့တွင် ရေကြီးမှုဖြစ်ပွါးပြီးနောက် ရေပြန်ကျသော်လည်း ကျန်ရှိသည် ရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ဒေသခံများ အသက်ရှုကြပ်နေကြောင်း ဒေသခံဆီမှ သိရသည်။

ရှမ်းပြည်နယ်တောင်းပိုင်း၊ ကလောမြို့၌ စက်တင်ဘာလဒုတိယပါတ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုဖြစ်ပွါးပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် ဒေသခံများသည် ကျန်ရှိသည့် ရွံ့နှင့်အမှိုက်များ အပြီးတိုင်မရှင်းနိုင်သေးသည့်အတွက် အနံ့ဆိုးများထွက်သဖြင့် အသက်ရှုကြပ်ခြင်းနှင့် နေထိုင်ရေးအတွက်ခက်ခဲနေသည်။

“အနံ့ကအရမ်းဆိုးတော့နေရတာ အရမ်းခက်တာပေါ့၊ ညညဆိုလည်း အိပ်မရဘူးအဲ့အနံ့နဲ့ ပြီးတော့ အသက်ရှုကြပ်တာမျိုး ခနခနဖြစ်တယ်။ ညညဆိုရင်လည်း ခြင်တွေအရမ်းများတယ်၊ တော်တော်နဲ့အိပ်မရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ကလောမြို့တွင် နေအိမ်များပျက်ဆီးခြင်းနှင့် ရွံ့များဝင်ရောက်ခြင်းကြောင့် ဒေသခံများ၏ နေအိမ်နှင့် လမ်းများ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်းသိရသည်။

ကလောမြို့တွင် နေအိမ်များပျက်ဆီးခြင်းနှင့် ရွံ့များဝင်ရောက်ခြင်းကြောင့် ဒေသခံများ၏ နေအိမ်နှင့် လမ်းများ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ကိုလည်းသိရှိရပါသည်။

PPV0013
ဓာတ်ပုံ-ခမ်းသားငေါဝ်း
#သဘာဝဘေး
#ကလောမြို့
#စက်တင်ဘာလဒုတိယပါတ်အတွင်း
#မိုးသည်းထန်စွာရွာသွန်း
#ရေကြီးမှုဖြစ်ပွါးပြီး
#ပြန်လည်ထူထောင်ရေး
#ဒေသခံများသည်
#အနံ့ဆိုးများထွက်
#အသက်ရှုကြပ်ခြင်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed