ခမ်းသားငေါဝ်း
အောက်တိုဘာ ၇၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်း ပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။

စက်တင်ဘာလ(၁၀) ရက် ရေကြီးစဉ် မောက်မယ်မြို့ရှိ ရပ်ကွက်တွင်း သစ်သားတံတား ၂ စင်း ပျက်စီးခဲ့ရပြီး ထိုတံတားများသည် ဆီဆုံတံတား နှင့် မိုက်ဟုန်း တံတားတို့ ဖြစ်ကြောင်း သိရသည်။

ပျက်စီးထားသည့် သစ်သားတံတားများကိုပြန်လည်ပြုပြင်ထားသော်လည်း အောက်တိုဘာ ၂ရက်နေ့တွင်တစ်ကြိမ်၊ အောက်တိုဘာ ၆ ရက်နေ့တွင် တစ်ကြိမ် ရေကြီး၍ ထပ်မံပျက်စီးသွားကြောင်းသိရသည်။

ဒုတိယအကြိမ် ရေကြီးစဉ် ပြန်ပြင်ထားသည့် ဆီဆုံတံတား ထပ်မံ ပျက်စီးခဲ့ပြီးထို တံတားသည် ဆီဆုံ ရပ်ကွက် နှင့် တောင်မြို့ ရပ်ကွက်ကို ဆက် သွယ်ထားသော သစ်သား တံတား ဖြစ်သည်။

ဒေသခံများက ယခင်ကျောင်းခုံ သစ်သားတံတားကို အသုံးပြုခဲ့ရာမှ ယခု ပြည်ထောင်စုဘတ်ဂျက် သန်း ၃၀၀၀ (၃ ဘီလီယံ) ဖြင့် RC တံတားအဖြစ် ၃ နှစ်စီမံကိန်း လုပ်ငန်းစတင် ဆောင်ရွက်နေသဖြင့် မိုက်ဟုန်း တံတားနှင့် ဆီဆုံ တံတား ကို အသုံးပြုနေကြခြင်း ဖြစ်သည်။

ထိုကျောင်းခုံ တံတား သည် လင်းခေး နှင့် မောက်မယ် ကားလမ်းရှိ ကုန်းလမ်း ရပ်ကွက်တွင် တည်ရှိခြင်း ဖြစ်သည်။

ရေကြီးမှုကြောင့် မောက်မယ်မြို့ ဈေးတန်းအနိမ့်ပိုင်းရပ်ကွက် ရှိ နေအိမ်တစ်အိမ်ပြိုကျ ပျက်စီးခဲ့ရပြီး စိုက်ခင်းများလည်း ရေဝင်ခြင်းကြောင့် ဧကပေါင်း ရာကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အ​ပြင် စျေးတန်းရပ်ကွက်ထဲရှိ ပရိယတ္တိစာသင်တိုက်ကျောင်းဝင်းရှိ စေတီ၂ ဆူ အနက် ဂြိုလ်နေ့နံစေတီ မြောက်ဘက်တစ်ဆူ အောက်တိုဘာလ ၆ ရက် ညနေပိုင်း (၅) နာရီ အချိန်တွင် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ စေတီတော်သည် မုဒ်ဦးအဝင် ဘယ်ဘက်ခြမ်းတွင် ရှိပြီး၊ ကျောင်းဝင်းအတွင်း ရေဝင်ခြင်း မရှိဘဲ သူ့အလိုလို ပြိုကျပျက်စီးပြီး ထီးတော်မြေခ ခဲ့ခြင်း ဖြစ်ကြောင်း၊ စေတီတော်မှာ လှိုဏ်ခေါင်း ပုံစံ တည်ထားပြီး စေတီတော်၏ ထောက်တိုင် သစ်သား ဆွေးမြေ့ပြီး ပြိုကျခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုထား သည်။

#ppv006
#ရေဘေး
#မောက်မယ်
#တံတားပျက်စီး
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။