ခမ်းသားငေါဝ်း
အောက်တိုဘာ ၅၊ ၂၀၂၄

ကလောမြို့တွင် ရေဘေးဒဏ်ကြုံရပြီးနောက် ပြန်လည် ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေသေးကြောင်း ရေဘေးကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် စက်တင် ဘာလ ဒုတိယပါတ်အတွင်း ရေဘေးဒဏ်ကို ဆိုးဝါးစွာကြုံတွေ့ခဲ့ရပြီး အပျက်အစီးများ အကုန်မရှင်းလင်းနိုင်သေးသလို ပြန်လည် ထူထောင်ရေးအတွက်အကူအညီများစွာလိုအပ်နေသေးကြောင်းသိရသည်။

” အပျက်အစီးတွေ၊ ရွံ့တွေက ရှင်းလို့မကုန်နိုင်သေးဘူး၊ တချို့အိမ်တွေကျလည်း လုံးဝပျက်စီးသွားတယ်၊ မပျက်စီးတဲ့ အိမ်တွေဆိုလည်း ရွံ့တွေဝင်လို့ နေလို့မရသေးဘူး၊ လူနဲ့ရှင်းနေတဲ့ခါကျ အဲ့လောက်မထိရောက်ဘူးပေါ့၊ ရှင်းဖို့အများကြီးကျန်သေးတယ်၊ စက်ယန္တယားတွေပါလာကူမယ်ဆို ပိုအဆင်ပြေတယ်” လို့ ရေဘေးကူညီနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တချို့အပျက်အစီးများသည် ကြီးမားသောကြောင့် လူအားဖြင့်မရှင်းနိုင်ကြောင်း၊ လာရောက်ကူညီနေသည့်အဖွဲ့များရှိသော်လည်း တစ်နေ့မှ နှစ်အိမ်လောက်သာ ရှင်းလင်းနိုင်ကြောင်း ၎င်း ကဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောတွင် ရေအနည်းငယ် ပြန်တက်လာကာ ရှင်းလင်းပြီးသည့်နေရာများတွင်လည်း ရွံ့များပြန်ဝင်လာကြောင်းသိရသည်။

နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးမှ ကူညီဆောင် ရွက်ပေးရာတွင် ၈၀ ရာခိုင်နှုန်းအထိပြီးစီးပြီဖြစ်ကြောင်းသိရသည်။

photo local

#PPV 003
#သဘာဝဘေး
#ကလော
#ပြန်လည်ထူထောင်ရေး
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *