ခမ်းသားငေါဝ်း
အောက်တိုဘာ ၅၊၂၀၂၄

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အေင်ခေတ်ရွာတွင် မြေပြိုမှုများပြန်လည်ဖြစ်ပေါ်ပြီး ရွာသူရွာ သားများ အပြင်မထွက်ရန် အသိပေးနေရကြောင်း​ သိရှိရပါသည်။

ရှမ်း​​ပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် အေင်ခေတ်ရွာတွင်ရေဘေးကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြုမှုပြန်ဖြစ်နေကြောင်း ဒေသခံတစ်ဉီးထံမှ သိရှိရသည်။

“အခုရက်ပိုင်းမိုးဆက်တိုက်ရွာနေတော့ တောင်ပြိုတာလေးတွေ ပြန်ဖြစ်တယ်ပေါ့လေ ရွာသားတွေ​ကိုစိုးရိမ်နေရတော့ ကျနော်တို့က အပြ​​င်တွေသိပ်မထွက်ဖို့ လိုက်ပြီးသတိပေးနေရတယ်ပေါ့ တချို့တွေကိုတော့လဲ ဘုန်းကြီးကျောင်းမှာပဲနေဖို့ လိုက်ပြောရတာတွေရှိတယ်ဗျာ့” ဟုပြောသည်။

ယခင်ဖြစ်ပွားခဲ့သည့် မြေပြိုမှုမှ တောင်အက်ကွဲကြောင်းတချို့ကျန်ရှိနေသဖြင့် ဆက်လက်ပြီးမိုးရွာသွန်းလျှင် နောက်ထပ်တောင်ပြိုမှုများ ဖြစ်လာနိုင်ကြောင်း ဒေသခံထံသိရှိရသည်။

ဝမ်းရေးအတွက် တဖက်တစ်လမ်းကနေအထောက် အကူပြုသည့် လက်ဖက်ခြံများသည်လည်း ပြီးခဲ့သည့် စက်တင်ဘာလကမြေပြိုမှုတွင် အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

အေင်ခေတ်ရွာသည် ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်နေ့ကရေကြီးတောင်ပြိုမှုများဖြစ်ပွားခဲ့ရာ အိမ်ခြေ ၃၂ လုံးပျက်စီးပြီး လူ ၁၃ ယောက်သေဆုံးကြောင်း သိရှိရပါသည်။

#ppv015
#အေင်ခေတ်
#သဘာဝဘေး
#လွိုင်လင်
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed