ခမ်းသားငေါဝ်း
အောက်တိုဘာ ၅၊ ၂၀၂၄

လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီမှ အောက်တိုဘာလ (၅)ရက် နံနက် (၁၀)နာရီ မိနစ် (၅၀)ကျော်အချိန်တွင် လေယာဉ်ဖြင့် ဗုံး(၃)လုံး​ဖြင့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကိုးကန့် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်နေပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကွန်ပျူတာတက္ကသိုလ်တွင် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် အဆောက်အဦးပျက်စီးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

“ပြောကြတာတော့ ကိုးကန့်စစ်သားတွေရှိတဲ့နေရာ ဖြစ်လို့ ဗုံးကြဲ တာလို့ပြောကြတယ်။ပိတ်ထားတာလည်း ကြာနေပြီလေ။ သူတို့ဗုံးကြဲ တာက နေ့ရက်ဆက်တိုက်ဆိုတော့ အခုဆို ပြည်သူ အများစုက မြို့ကနေ ပြန်ထွက်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လမှစပြီး လားရှိုးမြို့အပါအဝင် မြို့နယ်ထဲကို စစ်ကောင်စီမှ လေ‌ကြောင်းဖြင့် ‌‌ဗုံးကြဲတိုက်ခိုက်မှု သည်အကြိမ် (၂၀)ကျော်ရှိပြီဖြစ်ပြီး ပြည်သူ(၁၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိကာ၊ အဆောက်အဦး၊ဟိုတယ်၊နေအိမ် အများအပြား ပျက်စီးကြောင်း သိရသည်။

အောက်တိုဘာလ(၄)ရက်နေ့တွင်လည်း စစ်ကောင်စီမှ လားရှိုးမြို့ သမိုင်းဝင်နေရာဖြစ်သည့် ကွမ်ရင် တရုတ်ဘုံကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး (MNDAA)မှ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခြင်းသည် လူထုသတ်ဖြတ်ခြင်းနှင့်တူညီပြီး သမိုင်းဝင် နေရာများကို ပစ်မှတ်ထားခြင်း၊ အမျိုးသား ယဉ်ကျေးမှုကို နင်းချေခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို ချိုးနှိမ်စော်ကား ကျူးလွန်ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

photo online
#PPV011
#Humanright
#လေကြောင်းတိုက်ခိုက်မှု
#လားရှိုးတက္ကသိုလ်
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။