The People’s Voice – ခမ်းသားငေါဝ်း
Fact Check
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆုထူးပန်စေတီ၌ ဘုရားဆင်တုတော် အဆူဆူ၏ ဦးခေါင်းတော် များ ဖျက်ဆီးခံရမူနှင့် ပတ်သတ်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တို့တွင် KNDF/KNPPနှင့် PDF တို့မှ ဖျက်ဆီးခဲ့ကြောင်းစွပ်စွဲ ဝါဒဖြန့်ထားပြီး အာဏာသိမ်း စစ်ကောင်စီတပ် မရှိပါက ဒီလိုအဖြစ်မျိုး များ ဖြစ်လာဖို့ ပိုသေချာသွားကြောင်း၊ ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်ယုံကြည်ရာ ဆင်းတုတော်တွေကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးပြီး ဘာသာရေးစော်ကားမှုများပြုလုပ်နေသည်ကို ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လုံးဝသည်းမခံသင့်ကြောင်း ထပ်ဆင့် ဝါဒဖြန့် စွပ်စွဲထားပါသည်။ ဒီသတင်းကို အောက်တိုဘာလ ၃ရက်နေ့ စစ်ကောင်စီ၏ လော်ဘီအကောင့် ဟန်ငြိမ်ဦး အကောင့်နှင့် view of Sue တယ်လီဂရမ်ချာနယ်တို့မှာ ဝါဒဖြန့်တင်ထားတာဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက် စစ်ဆေးနေချိန်၌ ကြည့်ရှု့သူ ၁၂၂၀၀ ဦး ရှိထားပြီး၊ လိုက်ခ်နဲ့ ရီအက်ပြုလုပ်ထားသူ ၃၅၃ ဦးနှင့် ကောမန့် ၁၇ ဦးထိ ရှိနေပြီး ဖြစ်ပါသည်။
သတင်းအမှား telegram လင့် – https://archive.ph/MCNU6
သတင်းအမှား telegram လင့် – https://archive.ph/xyUYa
ဒီအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စိစစ်သည့်အခါ ဖြစ်စဥ်အမှန် ကိုအသုံးချ၍ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ဖန်တီးရေးသားထားသော ဝါဒဖြန့်သတင်းတု သတင်းအမှား ဘာသာရေးအမုန်းတရားလှုံ့ဆော်မှု အဖြစ် စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ လအိကျေးရွာရှိ တောင်ကုန်းပေါ်၌ တည်ထားသော ဆုထူးပန်စေတီတော် ၌ ဘုရားဆင်းတုတော်များအားလုံး ဖျက်ဆီးခံထားရမူနှင့်ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် စစ်ဗျူဟာ အမှတ်(၁) နှင့် အမှတ်(၈) တို့မှ ရှုတ်ချထားပြီး ယခုကဲ့သို့ ဆိုးရွားစွာ ဖျက်ဆီးခြင်းသည် ဘာသာရေးအဓိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ရှစ်ဆူ ဦးခေါင်းတော် ဖြတ်ခံထားရမူကို အောက်တိုဘာ ၃ ရက်ထိ ကျူးလွန်သူအား ရှာမတွေ့သေးကြောင်း ဒေသခံနှင့် KNDF တို့က အောက်တိုဘာ ၃ ရက်နေ့တွင် မဇ္စျိမ သတင်းဌါနကို ပြောကြားချက်အရ သိရပါသည်။
သတင်းအပြည့်အစုံဖတ်ရန် လင့် – https://bur.mizzima.com/2024/10/03/34878
ဖက်ဒရယ် FM သတင်းဌါန၏ ဖော်ပြမူတွင်လည်း KNDF ဗျူဟာတပ်ဖွဲ့ အနေဖြင့် အပြင်းအထန် ရှုတ်ချ ထားပြီး ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားကိုးကွယ်သော ဘုရားဆင်းတုတော်တို့ကို ဖျက်ဆီးခြင်းသည် တော်လှန်ရေးအားကောင်းသော နယ်မြေတွင် နိုင်ငံရေး၊ ဘာသာရေး အထိကရုဏ်းကို ဦးတည်စေဖို့ ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်းလို့ ဆိုထားသည်။ အောက်တိုဘာလ ၁ ရက်နေ့ ရွာသားတချို့ စေတီပေါ်ကို ဘုရားပန်းတက်လဲသည့်အချိန်မှ သိရပြီး မည့်သည့်အဖွဲ့၊ ဘယ်သူလုပ်သည်ကို ကျွန်တော်တို့ မသိရသေးကြောင်းနှင့် လအိကျေးရွာတွင် ဘာသာရေးကြောင့် ပြသနာဖြစ်တာမျိုးလည်းမရှိဖူးကြောင်းကို အောက်တိုဘာ ၂ရက်နေ့တွင် ဒေသခံမှ ပြောပြထားပါသည်။
သတင်းအပြည့်အစုံဖတ်ရန် လင့် – https://www.facebook.com/share/p/WYT5Vpc8i9imgoR2/
ဆက်စပ်သတင်း လင့် – https://www.facebook.com/share/p/WYT5Vpc8i9imgoR2/
ကရင်နီ (Karenni People’s Voice) ၏ ဖော်ပြချက်တွင်လည်း ဆုထူးပန်စေတီတော်၌ ဘုရားဆင်းတုတော်များ အားလုံး ဖျက်ဆီးခံထားရခြင်းနှင့်ပတ်သက်၍ မည်သူလုပ်သည်ကို မသိရသေးကြောင်းဖော်ပြထားပါသည်။ ဗုဒ္ဓဆင်းတုများခေါင်းဖြတ်ခြင်းကြောင့် ခရစ်ယာန်ဓမ္မာရုံကိုလည်း လေယာဥ်ဖြင့် ကြဲမည်ဟု ခြိမ်းခြောက်မှုသတင်းများ ပေါ်ထွက်နေပြီး ဘာသာရေးပဋိပက္ခဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေရကြောင်းကို ဆက်စပ် ဖော်ပြထားပါသည်။
သတင်းအပြည့်အစုံဖတ်ရန် လင့် – https://www.facebook.com/share/p/pXz4heswVzY7ZCSw/
သုံးသပ်ချက်
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆုထူးပန်စေတီ၌ ဘုရားဆင်တုတော် အဆူဆူ၏ ဦးခေါင်းတော်များ ဖျက်ဆီးခံရမူနှင့် ပတ်သတ်၍ လက်ရှိတွင် မည်သူက ပြုလုပ်သည်ကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမူများ ပြုလုပ်နေဆဲ ဖြစ်ပါသည်။
စစ်ကောင်စီ ဝါဒဖြန့် လော်ဘီများဖြန့်ဝေဖော်ပြ စွပ်စွဲထားသည့် KNDF/KNPP နှင့် PDF တပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ ကြောင်းမှာ စွပ်စွဲထားသည့် အကြောင်းအရာတခုသာဖြစ်သည်။ ထိုဖြစ်စဥ်အပေါ်မှ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသား ဝါဒဖြန့်ထားခြင်းသာ ဖြစ်ကြောင်းတွေ့ရှိရပါသည်။
စစ်ကောင်စီ၏ အာဏာတည်မြဲရေးအတွက် ဘာသာရေး အမုန်းတရားတွေကိုအသုံးချပြီး ဒေသတွင်း နေထိုင် သည့် ပြည်သူအချင်းချင်း ပဋိပက္ခဖြစ်ပွားအောင် သတင်းတု သတင်းအမှားများနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေ ခြင်းကို သတိထားသင့်ပါသည်။
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ လအိတိုက်နယ်ဆေးရုံသည် ၂၀၂၄ ခုနှစ်၊မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ခံထားရသည့်အပြင် စက်တင်ဘာလ (၅) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမူကြောင့် ကလေးများအပါအဝင် လူ (၉) ဦးသေဆုံးခဲ့ရပါသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာထိ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်မူများ ရှိနေပြီး တိုက်ပွဲဖြစ်ပွားသည့် နယ်မြေနှင့် တော်လှန်ရေးအားကောင်းသော ဒေသတွေမှာ တော်လှန်ရေးတပ်ဖွဲ့တို့ကို ပြည်သူ့များအနေဖြင့် အမြင်ဝေဝါးစေရန် စွပ်စွဲရေးသားမူများ ပြုလုပ်တက်ကြပါသည်။ ထိုအပြင် စစ်ကောင်စီသည် တိုင်ရင်းသားဒေသတွေမှာ နိုင်ငံရေးပဋိပက္ခ မှတစ်ဆင့် ဘာသာရေးနှင့် လူမျိုးရေးအကြား အထိကရုဏ်းပြဿနာများ၊ လူမျိုးရေးပဋိပက္ခပြဿနာများကို ဖန်တီးလုပ်ဆောင်ခဲ့မူများလည်း ရှိခဲ့ကြောင်း ကို DVB ၏ အချက်အလက်စစ်ဆေးမူတွင် တွေ့နိုင်ပါသည်။
ယူကျူ့ဗီဒီယို လင့် – https://youtu.be/RvSsHdBGYDM?feature=shared&t=52
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုကွန်ယက်ပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာများကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှု့ရန် အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။