ခမ်းသားငေါဝ်း
အောက်တိုဘာ ၄၊ ၂၀၂၄

ပေါင်းလောင်းမြို့ရှိ ကျေးရွာများတွင် ရေကြီး၊ရေလျှံမှုကြောင့် စိုက်ခင်းများ ရေမြုပ်ပျက်စီးသွားပြီး စားဝတ်နေရေးအတွက် ပြည်သူများစိိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေခဲ့ရပြီး စိုက်ခင်း သုံးပုံတစ်ပုံခန့်ပျက်စီးသွားသောကြောင့် ဒေသခံများစားဝတ်နေရေးအတွက် စိုးရိမ်နေရသည်။

” လယ်တွေဆိုရေမြုပ်တယ်၊ တောင်ယာတွေဆို မြေပြိုလို့ပျက်သွားတယ်၊ အခုမှပြန်စိုက်ရင်လည်းနောက်ကျနေပြီ၊ ဒီမှာက တောင်ယာလယ်ယာပဲလုပ်စားကြတာ၊ အခုလို ဖြစ်သွားတော့ လာမယ့်နှစ်အတွက် စားစရာမရှိတော့မှာကိုစိုးရိမ်တယ်” လို့ ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ရေကြီး၊ရေလျှံ မှုဖြစ်ပွားပြီးသည့်နောက် သန့်ရှင်းသောရေ ရရှိရန်ခက်ခဲနေ၍ တုပ်ကွေးရောဂါများ ဖြစ်ပွားနေကြာင်းသိရသည်။

” မိုးအရမ်းရွာတော့ တောင်ကျချောင်းရေ တွေကြောင့် ရေတွေနှောက်နေတယ်၊ ပြီးရေသန့်စက်ရုံကလည်း မလည်ပတ်နိုင်သေးတော့၊ ရေသန့်ရဖို့ခက်ခဲတယ်၊ ရေမသန့်တာတွေရယ်၊ မိုးဆက်တိုက်ရွာနေတာရယ်ကြောင့် တော်တော်များများ တုပ်ကွေးဖြစ်နေကြတယ်၊ တချို့ကျတော့အရေပြားရောဂါတွေဖြစ်နေတယ် ” လို့ ၎င်းကဆက်ပြောသည်။

ပေါင်းလောင်းတွင် ရေဘေးသင့်ပြည်သူများအတွက် အလှူရှင် လာရောက်လှူဒါန်းမှုများရှိသော်လည်း အမှန်တကယ် အခက်အခဲဖြစ်နေသည့် ပြည်သူများထံ သို့ ရောက်ရှိမှုမရှိကြောင်းသိရသည်။

ပေါင်းလောင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုမကြာခဏဖြစ်ပွားနေကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်နေကြောင်းသိရသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#ပေါင်းလောင်းမြို့
#ရေကြီးရေလျှံမှုနှင့်ကြုံတွေခဲ့ရ
#စိုက်ခင်းသုံးပုံတစ်ပုံခန့်ပျက်စီးသွား
#ဒေသခံများစားဝတ်နေရေးအတွက်စိုးရိမ်နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။