ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၄
စစ်အာဏာသိမ်းချိန်မှစပြီး ယခုလအောက်တိုဘာလ ၂ ရက်ထိစစ်ကောင်စီ နှင့် လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းသေဆုံးသူ (၅၇၂၆) ဦး ရှိပြီးဖြစ်ကြောင်းနိုင်ငံ ရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားသည်။
ထို့အပြင် အာဏာသိမ်း ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၀၂) ဦးရှိပြီး (၂၁၀၀၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့အတူ စက်တင်ဘာလ အတွင်း နိုင်ငံတဝန်း၌စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၇၅) ဦး စုစုပေါင်း (၉၇) ဦး ရှိခဲ့ပြီး အဆိုပါ (၉၇) ဦးအနက် အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး၊ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူ (၁) ဦးနှင့် ၁၀နှစ် နှင့်အထက် ထောင်ဒဏ်ချမှတ်ခံရသူ (၅၆) ဦး ပါဝင်ကြောင်း AAPP အချက်အလက်အရသိရသည်။
အလားတူ စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ သီတင်းကျေးရွာတွင် နေထိုင်သော နိုင်စိုး အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ဝယ်ယူရန်အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ခုံးရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တသက် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း AAPP အချက်အလက်တွင်ဖော်ပြထားသည်။
PPV 003
#လူ့အခွင့်အရေး
#စစ်အာဏာသိမ်းချိန်မှစပြီး
#ဒီမိုကရေစီရေးလှုပ်ရှားသူများ
#ပြည်သူစုစုပေါင်း
#နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။