ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၄

စစ်ကောင်စီသည် သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းများလုပ်ဆောင်နေခြင်းအပေါ် သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ အပြင်းအထန် ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ထားပါတယ်၊၊

မန္တလေးမြို့နယ် ကျောင်းတိုက်အချို့ကို စက်တင်ဘာလ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီ လက်အောက်ခံ (မ.ဟ. န ) အဖွဲ့မှ ကျောင်းထိုင်ဆရာတော်တွေ ပူးပေါင်းပါဝင်ဖို့ စာထုတ်ညွှန်ကြားနေခြင်းကို သံဃသမဂ္ဂ (မန္တလေး) မှ အောက်တိုဘာလ ၂ ရက်နေ့မှာ ကန့်ကွက်စာထုတ်ပြန်လိုက်ကြောင်သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် နိုင်ငံတွင်း အဓမ္မနည်းလမ်းတွေနဲ့ မတရားစစ်မှုထမ်းခိုင်းတာ၊ ဖမ်းဆီးတာ၊ ရှေ့တန်းစစ်မြေပြင်တွေ စေလွှတ်တာတွေကြောင့် အရပ်သားပြည်သူတွေနဲ့ လူသားအရင်းအမြစ်အတွက် ဆုံးရှုံးမှုတွေရှိနေတယ် လို့လည်း သံဃသမဂ္ဂ(မန္တလေး) က ထုတ်ပြန်ချက်မှာပြောထားပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာလ ၃၀ ရက်နေ့ကနေ စတင်ပြီး သန်းခေါင်စာရင်းကောက်ယူနေကာ ပြည်သူတွေအနေနဲ့ ဆန့်ကျင့်ကန့်ကွက်ကြဖို့နဲ့ စစ်ကောင်စီကျင်းပမဲ့ အတုအယောင်ရွေးကောက်ပွဲကိုလဲ မပူးပေါင်းကြဖို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ထားကြပါတယ်။

PPV0010
#လူ့အခွင့်အရေး
#သံဃာတွေပါမကျန်သန်းခေါင်စာရင်းကောက်ယူနေ
#သံဃသမဂ္ဂ
#မန္တလေး
#အပြင်းအထန်ကန့်ကွက်ရှုပ်ချ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *