ခမ်းသားငေါဝ်း

အောက်တိုဘာ ၃၊ ၂၀၂၄

သီပေါမြို့ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊

တအာင်းဒေသ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လေကြောင်းအသုံးပြုပြီး ​ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦး သေဆုံး၊ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် တအောင်းပြည် သတင်းဌာနမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ၂၈မှ ၂၉ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် သီပေါမြို့သို့ လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် သီပေါဆေးရုံ၊ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊စာသင်ကျောင်း၊သီပေါတံတားများအပြင် ဒေသခံ နေအိမ်နှင့် စျေးဆိုင်းခန်း (၁၀)ကျော် ထိခိုက်ပျက်စီးပြီးပြည်သူ စုစုပေါင်း(၆)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာ​ပြီးထုတ်ပြန်ထားပါသည်။

စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ ဓမ္မာရုံရှိ အမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူအမျိုးသား (၃)ဦးနှင့်အမျိုးသမီး (၂)ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါသည်။ သီပေါမြို့ ခါလိန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး မိသားစုဝင်(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

ထို့ပြင် စက်တင်ဘာလ ၃၀ရက်နေ့ ညအချိန်တွင်လည်း စစ်ကောင်စီတပ်က အလားတူ ဂျက်လေယာဥ်နှင့် Y-12 လေယာဥ်အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင့် ဆိုထားသည်။

စက်တင်ဘာလ (၁)လအတွင်းတိုက်ပွဲဖြစ်ပွားသည့်စစ်ကောင်စီသည် အဘက်ဘက်မှစစ်ရှံး၍ အရပ်သားများရှိရာသို့ ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့မှုကြောင့် တအာင်းဒေသအတွင်းရှိ ဒေသခံပြည်သူ (၂၆)ဦးသေဆုံးခဲ့ရပြီး (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်းနှင့် နေအိမ် (၄၇)လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

PPV0013
ဓာတ်ပုံ- PSLF/ TNLA
#လူ့အခွင့်အရေး
#တအာင်းဒေသ
#တပ်မဟာ(၂)နယ်မြေ
#သီပေါမြို့တွင်
#လေကြောင်းအသုံးပြုပြီးဗုံးကြဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *