ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊ ၂၀၂၄

စစ်ကောင်စီမှ နိုင်ငံရေးအရ ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းသည် ဟန်ပြဖိတ်ခေါ်မှုသာဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို သပ်လျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာ ဖြစ်သော‌ကြောင့် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အောက်တိုဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေး သတိကြီးစွာထားဖို့ရန်လည်း တော်လှန်ရေးအင်အားစုများကို တိုက်တွန်းထားသည်။

စစ်အစိုးရအဆက်ဆက်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း စသည့် ခေါင်းစဉ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများစွာရှိခဲ့သကဲ့သို့ လက်ရှိတွင်လည်း စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများကို ဗုံးကြဲခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ပြည်သူများကို မတရားဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များကို မရပ်မနား ဆက်ကျူးလွန်နေပြီး အခြား တစ်ဖက်မှာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ဖိတ်ခေါ်ခြင်းသည် ယုတ္တိမရှိ‌သည့် လုပ်ရပ်တခုသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူလူထုများအပေါ် ကျူးလွန်မှုအား မည့်သည့်အခါမှ ဝန်ခံခြင်း မရှိသည့်အပြင် နိုင်ငံတကာနှင့် ပြည်တွင်း ဖိအားတွေရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အာဏာသိမ်းခြင်း စသည့်လုပ်ရပ်ကိုသာ အဆိုးကျော့ သံသရာကိုသာ ပြုလုပ်လေ့ရှိပြီး ပြည်သူလိုလားသည့် စစ်မှန်သော ငြိမ်းချမ်းရေးကို မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြုရန် ဖော်ပြထားသည်။

စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်၍ အာဏာသိမ်းယူခဲ့သော တရားမဝင်အဖွဲ့အစည်းတခုသာဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ကို (NUG)နှင့် (NUCC)တို့က အကောင်အထည်ဖော် ဆောင်ရွက်‌နေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီမှ အာဏာသိမ်းကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ပြီးဖြစ်သကဲ့သို့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြု၍ ပြုလုပ်သည့် မည်သို့သော နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံကြောင်း၊ စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူခြင်း အပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

PPV0011
ပုံ-NUG
#လူ့အခွင့်အရေး
#တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF
#သပ်လျှိုဖြိုခွဲရန်
#အနှစ်သာရမဲ့သည့်အားထုတ်မှုတစ်ရပ်
#ပြတ်ပြတ်သားသားပယ်ချ
#အမျိုးသားညီညွတ်ရေးအစိုးရNUG
#အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
#NUCC

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *