ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၄

ခေါင်းနွဲ့ရွာတွင် ရေဘေးသင့်ပြည်သူများကို အလှူ ရှင်များက လာရောက်ထောက်ပံ့ရာ အညီအမျှမရရှိကြောင်း ဒေသခံတချို့ထံမှ သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က အလှူရှင်အဖွဲ့များက အရေးပေါ် အိမ်ထောင်စု ၂၀ အတွက် လာရောက်ထောက်ပံ့ရာတချို့နာမည်ပါသော်လည်း ထောက်ပံ့ပစ္စည်းမရရှိကြောင်း ဒေသခံထံ သိရှိရသည်။

“တမြန်နေ့က ခမ်းရင်သားအဖွဲ့က ပိုပြီးလိုအပ်တဲ့ အိမ်ထောင်စုကို (၂၀) ကို တအိမ် ၅ သိန်းစီ လာထောက်ပံ့တာတွေရှိတယ်ပေါ့ ကျနော်ကလည်အဲ နာမည်ထဲမှာပါတယ်ပေါ့လေ ဒါမဲ့ကျနော့်လက်ထဲတော့ မရောက်လာဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။

အလားတူ ပြီးခဲ့တဲ့အချိန်များတွင်လည်း အလှူရှင်များက လာရောက်ထောက်ပံ့ရာတွင် အဓိကအရေးပေါ် လိုအပ်ချက်ဖြစ်သည့်နေအိမ်များဆီကို အနည်းငယ်သာလက်ခံရရှိကြောင်း သိရှိရပါသည်။

အလှူရှင်များအနေဖြင့် လာရောက်ထောက်ပံ့သည့်ချိန်တွင် တကယ့်ထိခိုက်နစ်နာသွားသည့်အိမ်ထောင်စုများကိုသာ အဓိကထားပြီးထောက်ပံ့စေချင်ကြောင်း ဒေသခံတစ်ဉီးက ပြောသည်။

ခေါင်းနွဲ့ရွာသည် အပေါ်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းဟူ၍ သုံးပိုင်းဖြင့်ဖွဲ့စည်းဖွဲ့စည်းထားရာ အလယ်ပိုင်းသည် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်သည်ဟု သိရှိရသည်

အခြားဒေသခံတစ်ဦးက”ပျက်စီးဆုံးရှုံးမှုများတဲ့ အလယ်ပိုင်းကသူတွေက လွိုင်လင်မြို့ဘက်ပဲ ပြောင်းနေကြတာများတယ် ခုခြေနေအရ အလယ်ပိုင်းကလူတွေက ရွာမှာအိမ်မရှိတာရော နေမရတာရောကြောင့် မပြန်လာနိုင်သေး တာပေါ့လေ အလှူ ရှင်အများစုကလဲ ရွာဘက်ပဲလာကြတာများတော့ အဲ့ကြောင့် ထောက်ပံ့မှုအများစုက သူတို့ဆီမရောက်ရှိတာတွေရှိတယ် တခြားရွာသားဆီပဲ ရောက်ရှိကြရတာပေါ့” ဟုပြော သည်။

ခေါင်းနွဲ့ကျေးရွာသည် ပြီးခဲ့သည့် စက်တင်ဘာလဒုတိယအပတ်တွေ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် နေအိမ် ၂၂ လုံးပျက်စီးပြီး လူ ၇ ဉီးသေဆုံးကြောင်း သိရှိရသည်။

ရေဘေးကြောင့် လူနှင့် နေအိမ်အများအပြားဆုံးရှုံးခဲ့ရသည့်အပြင် စားဝတ်နေရေးအတွက် အဓိကမှီခိုရသည့် ထောပတ်ခြံများသည်လည်း ၉၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးနေရသည်ဟုလည်း သိရှိရပါသည်။

photo local

#ppv015
#ခေါင်းနွဲ့
#ရေဘေး
#ကူညီကယ်ဆယ်ရေး
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed