ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၄

တောင်ကျရေကြောင့် နေအိမ်များထိခိုက်ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ ယုပ္ပေးရွာဒေသခံ များ ပြန်လည်တည်ထောင်ရေးအတွက်အခက်ခဲ ရှိနေသေးကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်တောင်ပိုင်းဟိုပုံးမြို့မဲနယ်တောင်ဒေသ ယုပ္ပေးရွာတွင်ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေကြောင့်နေအိမ် ၄ လုံး ရေထဲမျောပါသွားသည့်အပြင် နေအိမ် ၂၀ လုံးထိခိုက်ပျက်စီးခဲ့ရသည်။

ထိုသို့ပျက်စီးဆုံးရူံးသွားသည့် နေအိမ်များကိုပြန်လည်တည်ဆောက်ရန် အတွက် သွပ်အမိုး၊ အိမ်တိုင်၊ သစ်သား၊ သံမိူ ကအစ အိမ်ဆောက်ပစ္စည်း အများအပြားလိုအပ်ကြောင်းသိရသည်။

အလှူရှင်များလာရောက်လှူဒါန်းသော်လည်း ဆန်၊ဆီ၊ဆားအခြေခံစားသောက်ကုန်ကိုအဓိကထားလှူသည့်အတွက်လတ်သလောဖြေရှင်းရန်သာဖြစ်ပြီး နေအိမ်ပြန်လည်ထူထောင်ရန်အခက်အခဲရှိနေသေး ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသသို့ လမ်းအခက်ခဲများရှိနေပြီး အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ နေအိမ်ပစ္စည်းများကို ရွာအထိသွားရောက်လှူဒါန်းပေးပါက ပိုအဆင်ပြေမည်ဖြစ်ကြောင်းသိရသည်။

#ppv014
#ယုပ္ပေး
#ပြန်လည်ထူထောင်ရေး
#မဲနယ်တောင်ဒေသ
#ဟိုပုံး

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Burmese Version
https://www.facebook.com/KhamSarNgor
ခမ်းသားငေါဝ်း English Version
https://www.facebook.com/KSNEnglish/
website
https://www.thepeoplevoicepaoh.com/
ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ခမ်းသားငေါဝ်း N -social
https://mita.website/d/social.php?r=ur1534

Leave a Reply

Your email address will not be published. Required fields are marked *