ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၄
ကားလမ်းမပေါက်သေးသည့် ရေဘေးသင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နောင်စုံရွာတွင် လတ်သလော စားဝတ်နေရေးနှင့် ပြန်လည်ထူးထောင်ရေး အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်စုံရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က တောင်ကျရေ ကြောင့် ၁၁ နှစ်အရွယ် မိန်းခလေးတစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် ၁၅ လုံးပျက်စီးကာ ယခုချိန်ထိ ကားလမ်းမပေါက်သေးဘဲ အခက်ခဲများစွာကြုံတွေ့နေရသည်။
‘’အလှူရှင်တွေလာထောက်ပံ့ရင် နှစ်နာရီဝန်းကျင်လမ်းရှောက်ပြီး (လုံးဟီး) စံဖူးရွာအထိ လမ်းလျှောက် သွားသယ်ရတယ်၊ လမ်းခရီးအရမ်းခက်ခဲတယ်၊ မြို့ကိုဆင်ဖို့ တစ်နာရီလောက်လမ်းလျှောက်ပြီး ကျောက္က ဆျားထိ သွားရတယ်၊ စားဝတ်နေရေး အခက်ခဲရှိတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
နောင်စုံရွာတွင် အိမ်ခြေ ၁၂၀ ရှိပြီး ရေကြီးမြေပြိုမှုကြောင့် နေအိမ်လုံးလုံးပျက်စီးသွားခြင်းရှိသလို၊ ရွာသား ၆ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
လက်ရှိချိန်ထိ နောင်စုံရွာထိ အလှူရှင်များမရောက်ရှိသေးကြောင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း မရသလို၊ လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်းသိရသည်။
လမ်းများပြင်ဆင်မှုများရှိသော်လည်း နောင်စုံရွာအထိ မရောက်ရှိသေးဘဲ ပြန်လည်ထူထောင်ရန်လည်း အခက်ခဲ ရှိနေကြောင်းသိရသည်။
#ppv002
#သဘာဝဘေး
#နောင်စုံရွာ
#မဲနယ်တောင်ဒေသ
#ဟိုပုံး
#WhatHappenInMyanmar
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Burmese Version
https://www.facebook.com/KhamSarNgor
ခမ်းသားငေါဝ်း English Version
https://www.facebook.com/KSNEnglish/
website
https://www.thepeoplevoicepaoh.com/
ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ခမ်းသားငေါဝ်း N -social
https://mita.website/d/social.php?r=ur1534