ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၄

လားရှိုးမြို့၊မန်နားကျေးရွာတွင် စက်တင်ဘာလ (၃၀)ရက် ည(၁၀)နာရီကျော်၌ စစ်ကောင်စီမှ ပေါင်(၅၀၀) ဗုံး (၄)လုံးကျဲချရာတွင် ပြည်သူ(၁၂) ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း (MNDAA) ထိန်းချုပ်ထားသော လားရှိုးမြို့၊ရပ်ကွက် (၁၂)၊ မန်နား‌ကျေးရွာတွင် ညပိုင်း လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံးကျဲချရာတွင် နေအိမ်၊အဆောက်အဦးများ ပျက်စီးမှုအပြင် ထိခိုက်ဒဏ်ရာရသူ(၁၂)ဦးနှင့် သေဆုံးသူစာရင်းကိုတော့ မသိရသေးကြောင်း ‌ဆိုထားသည်၊၊

“အခုက ရက်ဆက်တိုက်ဘဲ လေယာဉ်နဲ့ကျဲနေတာ၊ညပိုင်းပဲ လာကျဲတာ၊အခုညလည်း အိပ်မရဘူး၊ အခြားနေရာ ထပ်ရှောင်ဖို့ကလည်း ပိုက်ဆံမရှိ‌တော့ မလွယ်ဘူး၊ အခုညလည်းသေတဲ့သူရှိတယ်ကြားတယ် ဘယ်နှယောက်လဲဆိုတောတော့ မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမှုသည် စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာ၊လူနေထူထပ်သည့် နေရာတွင်ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် (MNDAA)တိုက်ခိုက်ထိန်းချုပ်အပြီး စစ်ကောင်စီမှ နေ့ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်ပျက်စီဆုံးရှုံးမှုများပြီး လူသေဆုံးမှု(၃)ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ (၄၀)ဦးရှိကြောင်း သိရသည်။

လားရှိုးမြို့ကို စစ်ကောင်စီမှ ‌‌ ဗုံးကျဲမှု စုစုပေါင်း (၁၀)ကြိမ်ရှိပြီး ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးနေရပ်ပြန်ပြည်သူများသည် ယခုအချိန်တွင် ပြန်လည်ရှောင်‌ပြေးနေရကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#MNDAA
#လားရှိုးမြို့၊
#ရပ်ကွက် (၁၂)
#မန်နား‌ကျေးရွာ
#လေယာဉ်ဖြင့်ပေါင်၅၀၀ဗုံးကျဲချ
#နေအိမ်အဆောက်အဦးများပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *