ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၄

ရန်ကုန်မြို့တွင် စစ်ကောင်စီမှ လုံခြုံရေးတင်းကြပ်ကာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီ ဖြစ်ကြောင်း အောက်တိုဘာ(၁)ရက်နေ့တွင် သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိသတ်မှတ်ထားပြီး ယနေ့အောက်တိုဘာ (၁)ရက်နေ့ ရန်ကုန်မြို့တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

“မနေ့ကတည်းက လက်ကမ်းစာစောင်တွေ ပေးဝေတာမျိုးတွေ့ရတယ်။ဟိုတယ်မှာ လာကောက်တယ် အချက်အလက်တွေကို သေသေချာချာစစ်စစ်ပေါက်ပေါက်မေးတယ်။တချို့ စာသင်ကျောင်းတွေမှာလည်း စစ်သားလုံခြုံရေး ယူထားတာတွေ့ရတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ (၂၀၂၄)ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွင် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ ကောက်ယူမည် ဖြစ်ပြီး မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုရန် လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ကြေငြာထားသည်။

တစ်ဖက်မှာလည်း သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း လူထုသပိတ်အင်အားစုများနှင့် လက်နက်ကိုင်တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

PPV011
ဓာတ်ပုံ-အွန်လိုင်း
#ရန်ကုန်မြို့
#လုံခြုံရေးတင်းကြပ်
#သန်းခေါင်စာရင်း
#စတင်ကောက်ခံနေ
#ပြည်လုံးကျွတ်သန်းခေါင်စာရင်း
#ကောက်ယူမှု

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

Leave a Reply

Your email address will not be published. Required fields are marked *