The People’s Voice – ခမ်းသားငေါဝ်း
Fact Check
မောက်မယ်မြို့နယ်၊ ဟိုနမ်ကျေးရွာအုပ်စု ပွန်ချောင်းတံတားအနီးရှိ PNLA တပ်စခန်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၇ နာရီ ၅ မိနစ်အချိန်တွင် စစ်ကောင်စီမှ ဖိုက်တာတိုက်လေယာဥ် နှစ်စီးဖြင့် လေယာဥ်ဗုံး(၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး PNLA ၏ စခန်းတည်နေရာကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့ကြောင်းနှင့် PNLA မှ များစွာသော တပ်သားများစွာ သေဆုံးကြောင်း၊ ဒဏ်ရာများစွာ ရရှိခဲ့ကြောင်းကို စစ်ကောင်စီဝါဒဖြန့် မီဒီယာ အယောင်ဆောင် ဖြစ်သည့် People Media မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းအချိန်တွင် တယ်လီဂရမ်နှင့် တစ်တော့ဂျာနယ် ပလက်ဖောင်းများတွင် ဝါဒဖြန့် သတင်းမှား ဖြန့်ချီထားပါသည်။
ထို့အပြင် ရှမ်းတောင်အခြေစိုက်သည့် PNO ပအိုဝ်းပြည်သူ့စစ်တပ်အနေဖြင့် လည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ လောက်ကောင် PNLO ကို သုတ်သင်နိုင် ဖို့လိုတယ်၊ အဲလိုမဟုတ်ရင် PNLO အနေနဲ့အင်အားစုပြီး ဆီဆိုင်ဘက်ကို တစ်ကြော့ပြန် ပြန်လည်တိုက်ခိုက် လာနိုင် တယ်ဆိုပြီး ပအိုဝ်းအချင်းချင်း ပဋိပက္ခဖြစ်စေရန် ဝါဒဖြန့်ခဲ့သည်။ လက်ရှိ PNLO ကို နေရာပေးခဲ့တာက PNO ပအိုဝ်းပြည်သူ့စစ်က နေရာပေးခဲ့တာဖြစ်ပြီး ပေးခဲ့သည့်လက်ကိုပြန်ကိုက်တယ်၊ ဒါကြောင့် ဆီဆိုင်မြို့ကြီးကို ပြာကျခဲ့ရသည် ဟု ဝါဒဖြန့် သတင်းမှားများ ထုတ်လွင့်ခဲ့သည်။ PNLO ကို PNO ပြည်သူ့စစ်အနေနှင့် အသေပဲဖြစ်ဖြစ်၊ အရှင်ပဲဖြစ်ဖြစ်ဖြစ် သုတ်သင်ဖို့လိုကြောင်း အကြမ်းဖက်ဖြစ်စေသည့် စကားများကိုလည်း ပြောဆိုထားပါတယ်။
သတင်းအမှားကို People Media မှ ကျော်စိုးဦး တယ်လီဂရမ် နှင့် တစ်တော့ တို့မှာ တင်ထားတာဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ တယ်လီဂရမ်တွင် ကြည့်ရှု့သူ ၅၂.၂ k ဦး ရှိထားပြီး၊ လိုက်ခ်နဲ့ ရီအက်ပြုလုပ်ထားသူ ၇၉၂ ဦးနှင့် ကောမန့် ၂၆ ဦးထိ ရှိနေပြီး ဖြစ်ပါသည်။
သတင်းအမှား tiktok လင့် – https://archive.ph/hwZie
သတင်းအမှား telegram လင့် – https://archive.ph/tSF9P
ဒီအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စိစစ်သည့်အခါ အချက်အလက်မှား ယွင်းနေပြီး သတင်းတု သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
စစ်ကောင်စီမှ ဟိုနမ်ကျေးရွာအုပ်စု ပွန်ချောင်းတံတားအနီးကို လေယာဥ်ဗုံးကြဲချခြင်းနှင့် ပတ်သက်ပြီး ဒေသခံ မီဒီယာဖြစ်သည့် ခမ်းသားငေါဝ်းသတင်းဌါနတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်အစပ် ဆိုက်ခေါင်အရှေ့ဘက် ပွန်ချောင်းကူးကြိုးတံတားဟောင်း အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံစကားအရ ပွန်ချောင်းတံတားကို ဖျက်ဆီးရန် ဖြစ်နိုင်ကြောင်း၊ ဗုံးကြဲမူမှာ တံတား ထိခိုက်ပျက်ဆီးခြင်းလည်း မရှိကြောင်းကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖော်ပြထားပါသည်။
သတင်းအပြည့်အစုံဖတ်ရန် လင့် – https://www.facebook.com/share/p/ADCjNXwiiJvsjRG7/
စစ်ကောင်စီ ဗုံးကြဲမူနှင့် ပတ်သက်ပြီး “ထိုဒေသတွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းနှင့် စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခြင်းသာ ဖြစ်ပြီး PNLO တပ်ဖွဲ့နှင့် ဒေသခံများ ထိခိုက်သေဆုံးခြင်း ဒဏ်ရာရရှိမူမရှိခြင်း” ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် PNLO အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်း၏ အင်တာဗျူးတွင် ပြောကြားထားပါသည်။
ထိုစစ်ကောင်စီမှ လေယာဥ်ဗုံးကြဲချလိုက်သည့် တံတားအနီး ဒေသများတွင် PNO ပြည်သူ့စစ်၏ စိုးမိုးရာ နယ်မြေ ဖြစ်သည့်အတွက် PNLO အနေဖြင့် တပ်စခန်းတည်ဆောက်ထားခြင်း မရှိကြောင်းနှင့် တပ်သားနေရာချထားခြင်းလည်း မရှိကြောင်း PNLO တာဝန်ရှိသူက ခမ်းသားငေါဝ်း fact check အဖွဲ့ကို ပြောဆိုထားသည်။
သုံးသပ်ချက်
ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်အစပ် ဆိုက်ခေါင်အရှေ့ဘက် ပွန်ချောင်း ကြိုးတံတားဟောင်း အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သည်မှာ မှန်ကန်ပြီး ထိခိုက်ပျက်ဆီးမူများ မရှိသည်မှာ သတင်းမှန်ဖြစ်ပါသည်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာအသွင် အယောင်ဆောင်ထားသော People Media မှ ဖော်ပြထားသည့် မောက်မယ်မြို့နယ် ပွန်းချောင်းတံတားအနီးရှိ PNLO စခန်း သိမ်းပိုက်ခံရခြင်းနှင့် PNLA ၏ စခန်းတည်နေရာကို လေယာဥ်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခံရမူကြောင့် PNLA တပ်သားများ သေဆုံးသွားခြင်းနှင့် ဒဏ်ရာရရှိခြင်းမှာ အချက်အလက်မှားယွင်း ဖန်တီး ရေးသားထားသည့် သတင်းအမှားဖြစ်ပြီး ပအိုဝ်းလူမျိုးအချင်းချင်း သွေးကွဲရန် ဖန်တီးသည့် သတင်းမှား ဝါဒဖြန့်ပြောဆိုထားခြင်းသာဖြစ်သည်ကို တွေ့ရှိရသည်။
မောက်မယ်မြို့နယ် ဟိုနမ်းဒေသ ပွန်ချောင်းတံတားအကျော်တွင် ယခင်က PNO ပြည်သူ့စစ် ကြီးစိုးခဲ့သည့်ဒေသဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင် ဦးနေဝင်းထွန်းက သတ္တုတူးဖော်ရန် စမ်းသပ်ထားသည့်နေရာလည်း ဖြစ်ပါသည်။
စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီ၏ ဝါဒဖြန့်လော်ဘီများနှင့် စစ်ကောင်စီ အားပေ းအားမြောက်နေသူများက အင်တာနက်စာမျက်နှာပေါ်တွင် ဝါဒဖြန့် လိမ်လည်မူများ ပြုလုပ်ထားတဲ့ သတင်းအမှား အကြောင်းအရာကို Myammar Fact-checking Network မှ စိစစ်ထားမူကိုလည်း အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
သျှမ်းသံတော်ဆင့် လင့် – https://www.facebook.com/share/v/YToj8e5DscrA8oHF/
MFCN လင့် – https://www.facebook.com/share/v/MDd5wLuNJAiYrfFX/
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနများက သတင်းများကို ဝင်ရောက်ဖတ်ရှု့ဖို့ အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။