ယခုနှစ်ရှမ်းတောင်တွင် ရေကြီးရေလျှံမှုကြောင့်စပါးအထွက်နူန်း အရင်နှစ်ထက်လျှော့နည်း
ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ တောင်ကြီးမြို့နယ်၊ ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်းရှိစပါးခင်းများ ရေကြီးရေလျှံမှုကြောင့်အရင်နှစ်ထက်အထွက်နူန်း လျှော့နည်းနေကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်းရှိ စပါးစိုက်ခင်းများ မိုးကြီးမှုကြောင့်အပင်များလှဲပြီး ရေနစ်မြှပ်သွားသည့်အတွက် စပါးပင်များပျက်စီးသဖြင့် အရင်နှစ်ထက် အထွက်နူန်းလျှော့နည်းနသည်။ “ပြောရမယ်ဆို ဒီနှစ်ကမိုးများတော့လေ၊…