Month: September 2024

“ဝ” တောင်ပိုင်းထဲ နေထိုင်ပြီး ပြည်ပသို့ ရောက်ရှိသည့် “ဝ” အမျိုးသားများစစ်မှုထမ်းရန်ပြန်ခေါ်

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊၂၀၂၄ “ဝ” ပြည်နယ်တောင်ပိုင်း ဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့် “ဝ” အမျိုးသားများ၊ တရားမဝင်အလုပ်သမားများ၊ စစ်မှုထမ်းရန်ရှောင်ပြေးနေသူများ အနေနှင့် မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စာရင်ပေးသွင်းကာ စစ်မှုထမ်းကြရန် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ တောင်ပိုင်း စစ်ဒေသ (၁၇၁) မှ သြဂုတ်၊…

မိုင်းပျိုးဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသန့်ရှင်းသည့်​ရေရ ရှိရန်အတွက် အဝီစိရေတွင်းလိုအပ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ မိုင်းပျိုးဘုန်းကြီးကျောင်းတွင်စစ်ရှောင်များသန့်ရှင်းသည့်ရေရရှိရန် အတွက် အဝီစိရေတွင်းလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် မိုင်းပျိုးဘုန်းကြီးကျောင်းတွင် စစ်ရှောင်များစုဖွဲ့နေထိုင်ပြီး အင်းထဲရှိရေကိုသာ အပြန်ပြန်အဖန်ဖန်အသုံးပြုနေရသည်။ ‘ အင်းရေပဲ အကုန်လုံးပေါင်းသုံးကြတော့လေ မသန့်တော့ဘူးပေါ့နော်၊ အိမ်သာကထွက်တာက အင်းထဲနဲ့ ဆက်နေတော့လေ ရောဂါတွေဖြစ်လာမှာကြောက်တယ် ၊ ပြီးတော့ ဒီမှာက လူအများကြီး စုနေကြရတော့လေ ရေကလည်းမသန့်တော့ ဝမ်းပျက်ဝမ်းလျောတွေ ၊…

မြေသြဇာစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများသီးနှံ စိုက်ပျိုးရန်အခက်တွေ့

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ မြေသြဇာများစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများ စိုက်ပျိုးရေး အတွက်အခက်အခဲ ဖြစ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကိုယ်သာ ပြုလုပ်ကြပြီး သွင်းအားစုစျေးမြင့်မားလာခြင်းကြောင့်အခက်တွေ့နေကြသည်။ ” မြေသြဇာစျေးကအရမ်းတက်တယ်ရော၊ မြေသြဇာဖိုးနဲ့ ပြန်မကာမိမှာစိုးတယ်၊မသုံးပြန်တော့လည်း အပင်မသန်ဘူးလေ၊ ပျက်သွားမှာလေ၊ ဟိုအရင်တည်း နှစ်တိုင်းသုံးပေးတော့ မြေက မြေသြဇာပါမှကိုရတော့တာ၊ အခုဆိုလည်း မြေသြဇာမဝယ်နိုင်လို့ ဧက…

စစ်မှုထမ်းလူငှားရန်အတွက် ငွေကြေးအတင်းကောက်ခံမှုကြောင့်လွယ်မောကျေးရွာအုပ်စုက ပြည်သူများအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ လွယ်မောကျေးရွာအုပ်စုအတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ငါးသောင်းကျပ်အတင်းကောက်ခံမှုကြောင့် ဒေသခံများအခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် လွယ်မောကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် သူ၏ဆွေမျိုးကိုချန်ထားပြီး ပြည်သူများကို အတင်းအဓမ္မငွေ ကောက်ခံနေကြောင်းသိရသည်။ ‘’ဒီအချိန်မှာ ငွေငါးသောင်းက ကျွန်တော်တို့လို တစ်နေ့လုပ်တစ်နေ့စားအတွက် မထည့်မနေရအတင်း ကောက်တော့ သူများဆီချေးငှားရတယ်ဗျာ့၊ အုပ်ကြီးအသိုင်းဝိုင်းက ပိုက်ဆံမထည့်ရဘူး သူ့သမက်ကိုယ်တိုင်…