ကလောမြို့ ရှိတောင်ပေါ် ရပ်ကွက်တစ်ချိို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး နေအိမ်များရေ နှစ်မြှုပ်
ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တစ်ချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနေအိမ်တချို့နှစ်မြှုပ်သွားကြောင်းစက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောမြို့တွင်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းရှိရပ်ကွက်၂၊ ၃၊ ၄ တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်းသိရသည်။ “တောင်ပေါ်မြို့တွေမှာ ရေကြီးတာကြာကြာမှတစ်ခါကြားဖူးတယ်၊ မြေနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေတော်တော်မြုပ်တယ်၊ ပိတ်မိနေတဲ့သူတွေလဲရှိတယ်၊ရုတ်တရက်ကြီးဆိုတော့လေ၊ တစ်ချိူ့ဖုန်းလိုင်းတွေလဲမရဘူးဒီမနက်”ဟုဒေသခံတစ်ဦးကပြောသည်။ အောင်ပန်းမြို့အဝင် သာမိုင်းခမ်းဆည်တံတားသည်လည်း ရေကျော်နေသည့်အတွက် သွားလာ၍မရသေးကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်တရား၊တီကျစ်သွားလမ်းမပေါ်တွင်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ စက်တင်ဘာလဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်…