Month: September 2024

စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေ ခန့်မှန်ချက် NUG သတိပေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊ ၂၀၂၄ နိုင်ငံတကာမိုးလေဝသဌာနများ၏ မိုးရွာသွန်းမှု အခြေအနေခန့်မှန်းချက်များအရ မိုးရွာသွန်းမှုအခြေအနေနှင့် ရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်း များကို အထူးသတိထားရန် NUG အမျိုးသားညီညွတ်အစိုးရကဆိုထားသည်၊၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် အောက်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်းနှင့်ပဲခူးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊…

ထိုင်းတွင် ကာလတို ဘာသာစကားသင်တန်းတက် ရောက်သူများအတွက် ပတ်စပို့ သက်တမ်း မတိုးပေးတော့ကြောင်း မြန်မာသံရုံး ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂ ၊၂၀၂၄ ထိုင်းနိုင်ငံတွင် ကာလတို ဘာသာစကားသင်တန်း တက်ရောက်နေသူများကို နိုင်ငံကူးလက်မှတ်သက်တမ်း မတိုးပေးတော့ကြောင်း ဘန်ကောက်မြို့ရှိစစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကယနေ့တွင် ကြောညာခဲ့သည်။ ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားသင်တန်း(ကာလတို) (Certificate Program in Thai Language)နှင့် အင်္ဂလိပ်စာသင်တန်း (ကာလတို) (Teaching English for Teachers-TET) စသည့် သင်တန်းတက်ရောက်နေသူ အလွန်များလာသည့် အတွက်…

ရေကြီးရေလျှံမှုကြောင့် ပွန်ချောင်းဘေး ပိတ်မိပြည်သူများ PNLA ရဲဘော်များကယ်ထုတ်ပေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊၂၀၂၄ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပွန်ချောင်းဘေးရှိပိတ်မိပြည်သူကို PNLA ရဲဘော်များကယ်ဆယ်ပေးနေကြောင်းသိရသည်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းနှင့် မောက်မယ်မြို့နယ်ထဲတွင်တောင်ကျရေကြီးမှုကြောင့် ကားလမ်းပျက်စီးခြင်း၊ ပြည်သူများတောင်ယာအတွင်း၊ နေအိမ်အတွင်းပိတ်မိခြင်းများစက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားသည်။ “မနေ့ကပွန်ချောင်းဘေးမှာ တောင်ကျရေကြီးလို့ တောင်ယာထဲရေအကုန်မြှုပ်ပြီး ပိတ်မိတဲ့ပြည်သူ ၁၀ ဦးကျော် ကယ်ထုတ်နိုင်ခဲ့တယ်၊ အသက်အန္တရယ်တော့မရှိတော့ဘူး၊ ရေထဲမျေားပါသွားတာမျိုးတော့မကြားသေးဘူး”ဟု PNLA ပြောခွင့်ရ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်း ကိုပြောသည်။…

မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေဟု ICRC ဥက္ကဌ ပြောဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊ ၂၀၂၄ မြန်မာနိုင်ငံသည် ပဋိပက္ခနှင့် အခြားအကြမ်းဖက်မှုအခြေအနေများ ပိုမိုအရှိန်မြင့်တက်လာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်မှာ အရေးပေါ်လိုအပ်နေသည်ဟာ ICRC ဥက္ကဌ က ပြောသည်။ မြန်မာနိုင်ငံတဝန်းရှိ အကူညီလိုအပ်သည့် အရပ်သားပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပိုမိုသွားရောက်ပေးအပ်နိုင်ရန် စက်တင်ဘာ ၅ မှ ၉ ရက်နေ့အထိ ICRC ဥက္ကဌ Ms Spoljaric…

စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းထံပေး ပို့သွားမည်ဟု ညီနောင်သုံးဖွဲ့ပြောဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊၂၀၂၄ မြန်မာနိုင်ငံအနှံ့ စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် နေရာများကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး ကိုယ်ဝန်ဆောင်၊ ကလေး၊ လူကြီး ရဟန်းရှင်နှင့် အရပ်သားအများအပြား နေ့စဉ်နှင့်အမျှ သေဆုံးခဲ့ရသည်။ ထိုလုပ်ရပ်များသည် စစ်ကောင်စီက လူသားမျိုးနွယ်များအပေါ် ​ပြစ်မှု ကျူးလွန်သည့် စစ်ရာဇဝတ်များဖြစ်သဖြင့် အဆိုပါ မှတ်တမ်းများအား အိမ်နီး ချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း…

တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ စက်တင်ဘာ၁၀ ရက်နေ့မနက်ပိုင်းကစပြီး တောင်ခမ်းအခြေစိုက် စစ်ကောင်စီ၏အမြောက်တပ်- ၃၅၄ ကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း Y-12 လေယာဉ်အသုံးပြုပြီး အမြောက်တပ် – ၂၀၆၊ ၃၅၄၊ ၉၀၂…

တောင်ကြီးမြို့တွင် ရေကြီးရေလျှံဖြစ်ပြီး ဆိုင်ကယ်နှစ်စီးရေထဲမျောပါသွား

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် မိုးအဆက်မပျက်ရွာသွန်းခြင်းကြောင့် ရေကြီးရလျှံဖြစ်ပြီး ဆိုင်ကယ်နှစ်စီရေစီးနှင့်မျောပါသွားကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘုရားဖြူရပ်ကွက်တွင် ရေကြီးရေလျှံဖြစ်ပြီး ဆိုင်ကယ်နှစ်စီး ရေစီးနှင့်မျောပါသွားသည်၊၊ “လူမှုကယ်ဆယ်ရေးအဖွဲ့တွေ မီးသတ်ကကော် လာကူညီတာရှိတယ် ဆိုင်ကယ်လေးစီးကိုမှ နှစ်စီးတော့ပြန်ရတယ် နှစ်စီးကတော့ပါသွားတယ် ကားတွေလည်း ကရိန်းနဲ့ဆွဲရတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်၊၊ တစ်ချို့နေအိမ်ထဲသို့ ရေဝင်ခြင်းများလည်းရှိကြောင်း တောင်ပေါ်တွင်ယခုလိုရေလျှံတာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် ယခုလိုရေကြီးရေလျှံခြင်းကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း…

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ယနေ့မနက်ပိုင်း ရေကြီးရေလျှံမှုနှင့်ပတ်သက်သည့် သတင်းအတိုအထွာများကို စုစည်းတင်ပြခြင်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၁ ၊၂၀၂၄ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရွှေသူဌေးကုန်း နယ်မြေ(၈) ဗုဒ္ဓဂါယာလမ်းထဲတွင် မိုးကြီးရေလျှံမှု ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြေပြိုမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်မှုရှိမရှိကို စုံစမ်းဆဲဖြစ် ပြီးအသေးစိတ်သိရှိရပါက ပြန်လည်တင်ပြပါမည်။ တောင်ကြီးတက္ကသိုလ်နှင့် ဧရာဝတီကဖေးကြားက ရေကန်အကွေ့လမ်းမပေါ်တွင် ရေတက်နေပြီး သွားလာရာ ခက်ခဲနေကြောင်းသိရသည်။ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် မိုးကုတ်ဂျင်အနီးတွင် ရေကြီးရေလျှံ ဖြစ်ပြီး ဆိုင်ကယ်နှစ်စီး…

စစ်ကောင်စီ၏ ဗုံးကြဲချမူကြောင့် သေဆုံးသွားသည်ကို ဘုရားသခင်ကောက်ညှင်းကျွေး၍ သေဆုံးသွားသည်ဆိုသည့် သတင်းအမှား

The People’s voice- ခမ်းသားငေါဝ်း fact check သတင်းဖြန့်ဝေသူ – Khon Sai Oo တယ်လီဂရမ် အကောင့်ပိုင်ရှင်မှ ‘’(ဘုရားသခင်) ဖျားသခင် ကောက်ညှင်းကျွေးလို့ ဒီမနက်တွေ့ကြရတာ” ဟု စက်တင်ဘာ ၅ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းပစ်ဗုံးကြဲချမူကြောင့် သေဆုံးသွားသည့် ကလေးပုံများနှင့်တကွ အာဏာသိမ်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် နောက်ပြောင်ရေးသား ဝါဒဖြန့်ထားပြီး…

ရေတာရှည် မြို့တွင်စစ်ကောင်စီက ဒရုန်းဗုံးကြောင့် အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကသတင်းထုတ်ပြန်လာသည်။ စစ်ကောင်စီက အရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍ စက်တင်ဘာလ (၈) ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ အာဏာသိမ်းစစ်ကောင်စီသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များကို အဘက်ဘက်ကရှုံးနိမ့်လာပြီးနောက် တောင်ပိုင်းစစ်ဒေသနယ်မြေအပါအဝင်…