ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၅၊ ၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး-ဆီဆိုင်နယ်စပ် ပဆျားကြို လုံးဒါ ဘက်တွင် စက်တင်ဘာ ၁၁ ရက်က မိုးကြီး ရေကြီးမှုကြောင့်မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
လမ်းပေါ်မြေပြိုခြင်း၊ တောင်ကျရေတိုက်စားခြင်းကြောင့် စက်ယန္တရားဖြင့်မလုပ်ဆောင်ပါက ဒေသခံသွားလာမုခက်ခဲ့နေကြောင်းဒေသခံကပြောသည်။
“အဓိကကတော့ လုံးတာဖက်ကတက်လာရတဲ့ လမ်းက မြေပိတာမျိုး လမ်းကိုရေတိုက်စားကုန်တာမျိုးဖြစ်တာဗျာ ၊နောင်စုံဖက်ကိုသွားတဲ့လမ်းလည်းပျက်တယ် အခုက စားနပ်ရိက္ခာသယ်ယူဖို့ခက်ပြီးဒေသခံတွေငတ်ကုန်ကြမယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။
ပဆျားကြိုလုံးဒါ ဘက်တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်ပျက်စီး ခြင်း၊ လူတိရိစ္ဆာန်သေဆုံးရခြင်းမရှိကြောင်းသိရသည်။
“စက်ယန္တရားနဲ့သာ မလုပ်ဘူးဆိုရင် ပဆျားကြိုးဖက်က လုံးတာအထိကားရောက်နိုင်ရန် လနဲ့ချီကြာနိုင်တယ် လမ်းတွေအကုန်ပျက်ပြီးတော့ တစ်ရွာနှင့်တစ်ရွာ ချိတ်ဆက်ထားတဲ့ ကတ္တရာလမ်းတွေမြေပိကုန်တာ”ဟု၎င်းကဆက်ပြောသည်။
လက်ရှိတွင် ဒေသခံများက ကိုယ်ထူကိုယ်ထဖြင့် ရနိုင်သလောက်လုပ်ဆောင်နေကြောင်းသိရသည်။
#ppv002
#သဘာဝဘေး
#လုံးဒါ
#ပဆျားကြို
#လမ်းပျက်စီး