ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၅၊ ၂၀၂၄

ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသတွင် မိုးအဆက်မပြက်ရွာသွန်းခြင်းကြောင့် နေအိမ်များရေနှစ်မြုပ်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်မြို့ ပုန်းအင်းဒေသတွင် မိုးအဆက်မပြက်ရွာသွန်းပြီး နေအိမ်များရေနစ်မြုပ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေသည်။

“အခုလောလောဆယ်အခက်အခဲကတော့ အဲ့ဒီစားနပ်ရိက္ခာ၊ ရေသန့်တို့၊ ဆေးဝါးတို့ပေါ့ အာ့လိုအခက်အခဲရှိတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပုန်းအင်း၏ အနိမ့်ပိုင်းဖြစ်သည့် ဆိုင်လဲရွာ အရှေ့၊ အနောက်၊ နောင်စန်း၊ ပန်လွန်၊ ပန်မွန်၊ တွင်အများဆုံး နေအိမ်များရေနစ်မြုပ်နေလျှက်ရှိပြီး အထက်ပိုင်းဖြစ်သည့် ကွန်ဆိုင်း၊ ဝမ်မိုင်တို့တွင် တစ်ထပ်အိမ်များရေမြုပ်နေပြီး ဘုန်းကြီးကျောင်းတွင် ရွေ့ပြောင်းသွားနေရသူများရှိကြောင်း သိရသည်၊၊

“ကယ်ဆယ်ရေးတော့မလာဘူး ဘာလို့မလာလဲဆိုတော့ ကယ်ဆယ်ဖို့အတွက် ရေကတက်တယ် တချို့ဆိုရင်အိမ်ခေါင်မိုးမြုပ်တာလည်းရှိတယ် အသက်အန္တရယ်အထိတော့ဖြစ်တာမရှိဘူး ပုန်းအင်းဒေသကရေထဲမှာနေနေကျလေ စားနပ်ရိက္ခာပြက်လပ်တာပဲရှိတယ်” ဟု၎င်းကဆက်ပြောသည်။

ပုန်းအင်းဒေသသည် ဆီဆိုင်နောင်မွန်ဆန်ဟု နာမည်ကြီးသည့် ဆန်အများဆုံးထွက်ရှိသည့်ဒေသဖြစ်ပြီး လက်ရှိတွင် စိုက်ပျိုးထားသည့်လယ်များလည်း အကုန်နီးပါးရေနစ်မြုပ်နေလျှက်ရှိကြောင်း နောင်မွန်ထိ ရေကြီးနေလျှက်ရှိကြောင်း သိရသည်။

PPV001
ဓာတ်ပုံ-CJ
#ဆီဆိုင်မြို့နယ်
#ပုန်းအင်းဒေသ
#သဘာဝဘေး
#ရေနစ်မြုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *