ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၅၊ ၂၀၂၄

တောင်ကျရေကြောင့်ရေနှပ်မြုပ်ခဲ့သည့် ကလောမြို့တွင် နေအိမ် ၆၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းဒေသခံများထံ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောမြို့ တွင်း နေအိမ် အဆောက်အဦးများ နှစ်မြှုပ်ခဲ့ရပြီး စာရင်းကောက်သူများ ပြောပြချက်အရ နေအိမ်ပြိုကျပျက်စီးမှု ၂၅၀ ကျော် နှင့် ပျက်စီးအိမ်ပေါင်း ၆၇၀ ကျော် ရှိကြောင်း သိရသည်။

တောင်ကျရေနှစ်မြှုမှုကြောင့် လူ ၆၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော်ပြောက်ဆုံးသည်ဟုသိရသော်လည်း ခမ်းသားငေါဝ်း မှသီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

ရေကျသွားပြီးနောက် စက်တင်ဘာလ ၁၅ ရက် တွင် ကလောမြို့၌ အဖွဲ့ဝင်များ၊ ဒေသခံများ စုပေါင်း၍ သန့်ရှင်းရေး ရှင်းလင်းရေး ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

နှစ်ပေါင်း ၆၀ ကျော် အတွင်း အပြင်းထန်ဆုံး ရေကြီးနစ်မြုပ်မှု ဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်းဆယ်မြို့နယ်အထက် ရေဘေးကြုံတွေ့နေရကြောင်းသိရသည်။

photo credit

#ppv002
#ကလော
#ရေပြန်ကျ
#ထိခိုက်မှုရှိ