ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၄၊ ၂၀၂၃

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါက်နွဲ့ရွာမြောက်ဘက် အင်ခေတ်ရွာတွင် မိုးကြီးရေကြီးခြင်းကြောင့်တောင်ပြိုပြီး လူ ၁၃ ဦးတောင်ကျရေထဲ ပါသွားကြောင်းဒေသခံတစ်ဦးထံသိရသည်။

စက်တင်ဘာ ၁၁ ရက်ကဖြစ်ပွားခဲခြင်းဖြစ်ပြီး နေအိမ် ၂၃ လုံးမျောပါပျက်စီးသွားကြောင်းသိရသည်။

“ကျွန်တော်ရဲ့အဒေါ်ဆိုရင်ပျောက်ဆုံးသွားတာ ၂ ရက်ရှိနေပြီ ရှာလို့မတွေ့သေးဘူး၊ အင်တာနက်လည်းပိတ်ထား”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

သေဆုံးသွားသည့်သူအလောင်းကို ၅ လောင်းသာရှာတွေ့ပြီး ၈ ဦးကပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

အနီးရှိခေါက်နွဲ့ရွာတွင်လည်း ဒေသခံပြည်သူ ၇ ဦးရေထဲမျောပါသေဆုံးခဲ့ပြီး ပျောက်ဆုံးသူများလည်းရှိနေကြောင်းသိရသည်။

#ppv002
#သဘာဝဘေး
#အင်ခေတ်
#လွိုင်လင်
#သေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *