ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၄၊ ၂၀၂၄
ပင်းတယမြို့နယ်၊ ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံထံကသိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်းတွင် စက်တင်ဘာ ၁၁ ရက်စတင်ပြီး မြေကြီးစတင်အွဲအက်လာပြီး စက်တင်ဘာ ၁၃ ရက်တွင် ပင်မကျောင်းကြီးခြေရင်းထိ ကွဲအက်လာသည်၊၊
“မနေ့ကနေ့က ပင်မကျောင်းကြီး လှေကာခြေထိအပြင် ခဏ္ဍသိမ် အုတ်တံတိုင်းခြေရင်းထိ ကွဲအက်လာတယ်လို့သိရတယ်ပေါ့နော် မိုးကဆက်ရွာကျောင်ကြီးပြိုကျမဲ့အခြေအနေပဲ”ဟု ဒေသခံတစ်ဦးကပြောသည်၊၊
ရေဂနိုင်တောရဘုန်းကြီးကျောင်းသည် ရှောက်ပင်ကျေးရွာနှင့် တောင်တစ်လုံးခြားသည့်အတွက် ရွာအတွင်းသို့ ပြိုကျမည်ကိုမစိုးရိမ်ရသော်လည်း ကျောင်းကြီးပြိုမည်ကိုစိုးရိမ်ကြောင်း ၄င်းကဆက်ပြောသည်၊၊
ပင်းတယမြို့နယ်၊ ပွေးလှမြို့ ရှောက်ပင်ကျေးရွာတွင် မြေပြိုခြင်း၊ ရေကြီးခြင်းများ မကြုံဖူးခဲ့ကြောင်း ယခုသည်ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်၊၊
PPV001
ဓာတ်ပုံ- အွန်လိုင်း
#သဘာဝဘေား
#ပင်းတယမြို့နယ်
#ပွေးလှမြို့
#ရှောက်ပင်ကျေးရွာ
#ရေဂနိုင်တောရဘုန်းကြီးကျောင်း
#မြေကွဲအပ်နေပြီးကျောင်းပြိုမည်ကိုစိုရိမ်ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။