ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၃၊ ၂၀၂၄
လွိုင်လင်မြို့နယ် ခေါက်နွဲကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်အများအပြားရေထဲမျောပါသွားပြီး ရွာသား ၇ ဦးရေထဲမျောပါသေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်က ဒေသခံတစ်ဦးထံသိရသည်။
ပျောက်ဆုံးနေသည့်ရွာသားများလည်းရှိသလို စက်တက်ဘာ ၁၁ ရက်က ရေထဲမျောပါသွားသူအလောင်း ကိုလည်း တစ်လောင်းသာပြန်တွေ့သေးကြောင်းဒေသခံကဆိုသည်။
‘’ကျွန်တော်တို့အိမ်လည်းရေထဲပါသွားတယ်၊ ရွာသူကြီးမိသားစုလည်း ခုထိရှာမတွေ့သေးဘူး၊ အိမ်တွေအများကြီးပါသွားတယ် တိတိကျကျမသိရသေးဘူး ဖုန်းလိုင်းအင်တာနက်လိုင်းလည်းမရနေဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် ပင်လုံမြို့နယ် အေန်ခေတ်ရွာတွင်လည်း လူနေအိမ်အများအပြား ရေစီးထဲမျောပါသွားပြီး ပြည်သူ ၁၄ ဉီး ရေထဲမျောပါသွားကြောင်းဒေသခံပြောပြချက်အရသိရသည်။
မိုင်းပွန် လွိုင်လင် လမ်းသည်လည်း မြေပြိုပြီးယခုချိန်ထိ သွာလာ၍မရသေးဘဲ ခရီးသွားတချို့ ပိတ်မိသလို၊ ကားတစ်ချို့ ရေစီးထဲပါသွားသည်ဟုသိရသည်။
video credit
#ppv002
#လွိုင်လင်
#ခေါက်နွဲ
#ရေကြီးရေလျှံမှု
#သဘာဝဘေး