ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၃၊ ၂၀၂၄

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကို ကရင်နီ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း လွိုင်ကော် Local PDF ဗဟို သတင်းပြန်ကြား ရေး သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ ရှမ်းတောင်-ကရင်နီ နယ်စပ်တွင် စစ်တပ်စခန်းနဲ့ ရဲစခန်းများLoikaw Local Pdf ၊ လွိုင်ကော်ပြည်သူ့ကာကွယ် ရေးတပ်( Loikaw PDF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)နှင့် ရှမ်းတောင်အခြေစိုက်တပ် အသီးသီးတို့ ပူးပေါင်းပြီး ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးစတင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ လေကြောင်း၊ ဒရုန်း ၊ လက်နက်ကြီး အမြောက်အမြားသုံးစွဲတိုက်ခိုက်ရာ လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးစိုးရိမ်ရကာ KNDF ၊KNPLF၊ ရှမ်းတောင်အခြေစိုက်တပ်များမှလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးမှုအသေးစိတ်ကို ခမ်းသားငေါဝ်း သတင်းဌာန မှ သီးခြားအတည်ပြုနိုင်ခြင်မရှိသေးပါ။

#ppv002
#တိုက်ပွဲသတင်း
#ကရင်နီ
#KNDF