ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၃၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်းဆန်းဂူတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ရေကြီးရေလျှံ မှုကြောင့် ဂူအတွင်းရေအပြည့်ဝင်ကာ ယနေ့တွင် ရေ​​ပြန် ကျသွားပြီဖြစ်သည်။

ရေကျပြီးနောက် ရေတိုက်စားမှုကြောင့် ဂူပေါက်ဝတွင် တန်ဖိုး သိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးသွား သည်ဟု သန့်ရှင်းရေးပြည်လုပ်သည့် ကာယကုသိုလ်အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

‘’ရေတော့ကျသွားပြီ၊ ဂူအတွင်းတော့ဝင်လို့မရသေးဘူး၊ ဂူပေါက်ဝမှာတင် ဆုံးရှုံးမှုအများကြီးရှိတယ် သိန်းတစ်သောင်းလောက်ရှိမယ်၊ ဂူအတွင်းမပါသေးဘူး” ဟု ထိုအမျိုးသမီးကပြောသည်။

အဓိက ဂူပေါက်ဝတွင် အလှဆင်ထားသည့် ပစ္စည်းများ၊ ဟိုပုံးကိုရင်လေးဆရာတော်၏ လက်ဖွဲ့များ၊ ပုံတော်များ၊ ဓါတ်တိုင်များ၊ လျှပ်စစ်မီးပစ္စည်းများတို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ထမ်းဆန်းဂူအဝင် လမ်းတောင်ဘက်ရှိ ထမင်းစားနား​ေ သည့် နေရာတွင်လည်း အများအပြားပျက်စီး သွားကြောင်းသိရသည်။

#ppv002
#ထမ်းဆန်းဂူ
#ရေကြီးရေလျှံမှု
#သဘာဝဘေး
#ပျက်စီး

Leave a Reply

Your email address will not be published. Required fields are marked *