ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၃၊ ၂၀၂၄

ကလောမြို့နယ်တွင် မြေပြိုခြင်း၊ ရေကြီးခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူ ၈၀ ဦးကျော်ရှိနေကြောင်း ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ယခုရက်ပိုင်း ရေကြီးခြင်း မြေပြိုခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူများ ၈၀ ဦးကျော်ရှိနေသည်၊၊

“ဖုန်းလိုင်းအင်တာနက်လိုင်းကမရနေဘူး ခု Wifi ယူထားတဲ့အိမ်မှာ ခနလာသုံးနေရတာ တောင်ပေါ်တွေဘက် ရွာတွေဘက်မှာ ဘယ်လိုနေမလဲမသိဘူး ယောကျ်ားကကယ်ဆယ်ရေးလိုက်နေတော့ ကလောမြို့ထဲပဲကို သေသူတွေ ပျောက်နေသူတွေ အာ့လောက်ရှိတယ်” ဟု ကလောဒေသခံ အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

တခြားဒေသရှိ ဆွေမျိုးများအား ဖုန်းဆက်မရ၊ အင်တာနက်လိုင်းမရခြင်းကြောင့် စိတ်ပူနေရကြောင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖွင့်ပေးစေလိုကြောင်း ၄င်းကဆက်ပြောသည်၊၊

“စစ်ပွဲတွေဖြစ်တုန်းကတောင် အဆင်ပြေလား၊ ဘေးကင်းလား သတင်းမေးလို့ရသေး ခုသဘာဝဘေးခါကျမှ ဘာမှကိုမသိရတော့ဘူး ဘာသဘောနဲ့လိုင်းတွေဖြတ်ထားလဲမသိဘူး” ဟု ၄င်းကဆက်ပြောသည်၊၊

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျံမှုအပြင် တောင်ပေါ်ရွာများတွင် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နေပြီး နေအိမ်ပျက်စီးခြင််််််းနှင့် လူအသေအပျောက်များရှိနေပြီး ဖုန်းလိုင်း အင်တာနက်လိုင်းမရရှိခြင်းကြောင့် ကူညီမည့် ကယ်ဆယ်ရေးသမားများလည်း မရှိနေသည့်အပြင်မြေပြင်အခြေအနေအား ချပြနိုင်ခြင်းမရှိဖြစ်နေကြောင်း သိရသည်၊၊

PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကလော
#သဘာဝဘေး
#ရှမ်းတောင်
#မြေပြိုခြင်း
#ရေကြီးခြင်း
#နေအိမ်ပျက်စီး
#လူအသေအပျောက်
#ဖုန်းလိုင်း
#အင်တာနက်လိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။