ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၂၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ဒေကျေးရွာအုပ်စုမောက်လွစ် ထီတခု သွားသည့်လမ်းတွင် စက်တင်ဘာ ၁၁ ရက်က ရေကြီးရေလျှံမှုကြောင့် မြေပြိုပြီးလမ်းများပျက်စီးသွားကြောင်းသိရသည်။

ထိုဒေသတွင် ဟိုပုံးမြို့နယ်အစွန်ဖြစ်ပြီး နောင်ဒေ၊ ထီတခု၊ မောက်လွစ် ကျေးရွာသွယ်တန်းသည့် တောင်ပေါ်လမ်းဖြစ်သည်။

ရေကြီးရေလျှံမှုကြောင့် လမ်းများပျက်စီးပြီး ဟိုပုံးသို့သွားသည့်လမ်းနှင့် တောင်ကြီးသို့သွားသည့်လမ်း နှစ်ခုစလုံးအခက်ခဲကြုံတွေ့ရကြောင်းဒေသခံကပြောသည်။

ထိုဒေသသည် ဟိုပုံးမြို့နယ် နယ်စပ်ဒေသဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ ပေါင်းစုံသွားလာလုပ်ရှားသည့် အတွက် ဖွံ့ဖြိုးရေးနောက်ကျခဲ့ရသည့်ဒေသဖြစ် သည်။

ယခုပျက်စီးသွားသည့်လမ်းများပြင်ဆင်ရန် အခက်ခဲ့ရှိသည့်ဒေသဖြစ်ကြောင်းသိရသည်။

photo CJ

#ppv002
#မောက်လွစ်
#လမ်းပျက်စီး
#သဘာဝဘေး
#လမ်းပျက်စီး
#နောင်ဒေ

Leave a Reply

Your email address will not be published. Required fields are marked *