ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၂၊၂၀၂၄

မြန်မာနိုင်ငံအနှံ့ စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် နေရာများကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး ကိုယ်ဝန်ဆောင်၊ ကလေး၊ လူကြီး ရဟန်းရှင်နှင့် အရပ်သားအများအပြား နေ့စဉ်နှင့်အမျှ သေဆုံးခဲ့ရသည်။

ထိုလုပ်ရပ်များသည် စစ်ကောင်စီက လူသားမျိုးနွယ်များအပေါ် ​ပြစ်မှု ကျူးလွန်သည့် စစ်ရာဇဝတ်များဖြစ်သဖြင့် အဆိုပါ မှတ်တမ်းများအား အိမ်နီး ချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဥ်နဲ့အမျှ ကျူးလွန်နေသည့်စစ်ကောင်စီခေါင်းဆောင်များ၏အမိန့်ပေးတာဝန်ပေးခံရသော လေသူရဲများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုမျိုးပူးပေါင်းဆောင်ရွက်မှုမျိုးမလုပ်ကြရန်လည်း ညီနောင်သုံးဖွဲ့ကတိုက်တွန်းထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လိုင်ကရှမ်းကယား ခရီးစဥ်အပြီး ဆုံးရှုံးထားသည့်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရသည်။

#ppv002
#ညီနောင်သုံးဖွဲ
#စစ်ကောင်စီ
#စစ်ရာဇဝတ်မှု
#နိုင်ငံတကာ

Leave a Reply

Your email address will not be published. Required fields are marked *