ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၂၊ ၂၀၂၄

မြန်မာနိုင်ငံသည် ပဋိပက္ခနှင့် အခြားအကြမ်းဖက်မှုအခြေအနေများ ပိုမိုအရှိန်မြင့်တက်လာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်မှာ အရေးပေါ်လိုအပ်နေသည်ဟာ ICRC ဥက္ကဌ က ပြောသည်။

မြန်မာနိုင်ငံတဝန်းရှိ အကူညီလိုအပ်သည့် အရပ်သားပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပိုမိုသွားရောက်ပေးအပ်နိုင်ရန် စက်တင်ဘာ ၅ မှ ၉ ရက်နေ့အထိ ICRC ဥက္ကဌ Ms Spoljaric က မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဥ်​ပြောဆိုခြင်းဖြစ်သည်။

‘’မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတော်တော်များများက အခြေခံဆေးဝါးတွေနဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေမရှိ ဘဲ နေထိုင်နေကြပြီး အစားအစာပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် သန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုတွေမှာလည်း အကန့်သတ်ရှိနေပါတယ်၊ ပဋိပက္ခနဲ့ အခြားသော အကြမ်းဖက်မှုအခြေအနေများ ကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်၊ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက် ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေမရှိတော့ပါဘူး “ ဟု ဥက္ကဌ Ms Spoljaric ကပြောသည်။

လူနေထူထပ်သည့် နေရာများတွင် ထိခိုက်မှုမြင့်မားသည့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကို ပုံမှန်အသုံးပြုခြင်းကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများ စိုးရိမ်ဖွယ်မြင့်တက်လာခဲ့သည်ဟုလည်း ပြောဆိုထားသည်။

ထို့အပြင် လူထု၏ သွားလာနိုင်မှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု လျော့နည်းလာသည့်အခြေအနေတွင် ရပ်ရွာလူထုတော်တော်များများအတွက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုများ ရရှိနိုင်မှုအပေါ် အကန့်အသတ်ဖြစ်လာသည်ဟု ICRC ကပြောဆိုထားသည်။

စစ်ကောင်စီက ဆုံးရှုံးထားသည့်နယ်မြေများကို လေကြောင်းတိုက်ခိုမှုဆက်လက်လုပ်ဆောင်နေပြီး အပြစ်မဲ့ပြည်သူ သေဆုံးခဲ့ရသည်။

ထို့အပြင် သဘာဘေးကြောင့် လက်ရှိမြန်မာနိုင်ငံတဝန်း ရေးဘေးသင့်အကူညီများလိုအပ်နေကြောင်းသိရသည်။

#ppv002
#ICRC
#ပဋိပက္ခ
#လူသားစာနာထောက်ထားမှု

You missed