ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၂၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပြီးပြည်သူတစ်ထောင်ကျော်ရေဘေးသင့်နေကြောင်း ဒေသခံတစ်ဦးထံသိရသည်။

မြေနိုမ့်ပိုင်းဖြစ်သည့် စျေတန်းရပ်ကွက်၊ကွန်ကျိုင်း၊ မွေတော်၊ တောင်မြို့ရပ်ကွက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေကြီးရေလျှံမှုကြောင့် နွား ၇ ကောင် ရေနှစ်သေဆုံးခဲ့ကြောင်းသိရသည်။

ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်သို့ ဆက်သွယ်ထားသည့် တံတားကို ရေတိုက်စားပြီး ရေကြီးထဲမျှောပါသွား ကြောင်းဒေသခံကပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးလိုင်းများပြတ်တောက်သလို လျှပ်စစ်မီး လည်းပြတ်တောက်နေကြောင်း သိရသည်။

ရေကြီးရေလျှံမှု ကြောင့် တောင်ပြိုခြင်း၊ သစ်ပင်ကြီးလမ်းပေါ်လှဲကျခြင်းနှင့် တောင်သူလယ်သမား ၏ စိုက်ခင်းရေဖုံးလွှမ်း မှုအများအပြားဖြစ်ပေါ်နေကြောင်းသိရသည်။

photo CJ

#ppv002
#မောက်မယ်
#သဘာဝဘေး
#ရှမ်းတောင်

You missed