ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၁ ၊၂၀၂၄

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရွှေသူဌေးကုန်း နယ်မြေ(၈) ဗုဒ္ဓဂါယာလမ်းထဲတွင် မိုးကြီးရေလျှံမှု ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြေပြိုမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်မှုရှိမရှိကို စုံစမ်းဆဲဖြစ် ပြီးအသေးစိတ်သိရှိရပါက ပြန်လည်တင်ပြပါမည်။

တောင်ကြီးတက္ကသိုလ်နှင့် ဧရာဝတီကဖေးကြားက ရေကန်အကွေ့လမ်းမပေါ်တွင် ရေတက်နေပြီး သွားလာရာ ခက်ခဲနေကြောင်းသိရသည်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် မိုးကုတ်ဂျင်အနီးတွင် ရေကြီးရေလျှံ ဖြစ်ပြီး ဆိုင်ကယ်နှစ်စီး ရေစီးထဲပါသွား ကြောင်းသိရသည်။

ရွှေညောင်မြို့ ကုန်းလှိုင်ကန်သည် ရေများ တာရိုးရေကျော်လာသဖြင့် လမ်းမပေါ်သို့ ရေတက်လာပြီး ရွှေညောင်၊ ရပ်စောက်သွားသည့်လမ်းပေါ် သွားလာဖြတ်သန်း၍မရသေးကြောင်းသိရသည်။

ရွှေညောင်မြို့ မြေနိမ့်ပိုင်းဖြစ်သည့်အတွက် တစ်မြို့လုံးနီးပါး ရေမြှုပ်သည့်အတွက် အကူညီများလိုအပ်နေကြောင်းသိရသည်။

ညောင်ရွှေမြို့အဝင် သာစည်ကန်ကရေသည် ရေမြှင့်တက်လာပြီး မြို့တွင်းသို့ လျှံတက်လာကြောင်းသိရသည်။

ဟိုပုံးမြို့နယ်တွင် နောင်ခါးပေါက်၊ နောင်တောင်းပေါက်၊ တောင်ရပ်ကွက် နယ်မြေ(၄) နှင့် အမှတ်(၁) ကျောင်းနားတွင်လည်း ရေကြီးရေလျှံဖြစ်ပြီး နေအိမ်တစ်ချို့ နှစ်မြှုပ်မှုရှိကြောင်းသိရသည်။

မနေ့က ကလော၊ အောင်ပန်းဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး ခုထိရေမကျသေးကြောင်းသိရသည်။

photo TSR,local,Cj

#ppv002
#Khamsarngor
#သဘာဝဘေး
#ရှမ်းတောင်
#နေအိမ်နှစ်မြှုပ်

You missed