ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၀၊ ၂၀၂၄

ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများဆေးကုသပေးနေသည့်နေရာအားစစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းနှင့်စစ်ကောင်စီအရာရှိအချို့အပါအဝင် ၁၇ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က စက်တင်ဘာလ(၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာကို စက်တင်ဘာ ၈ ရက်၊ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ၅၅မိနစ်တို့တွင် ဂျက်တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ သေဆုံးသွားသည့်သူများထဲတွင် ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသည့် အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် မိမိတို့၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ မိမိတို့၏ ကျန်းမာရေးဝန်ထမ်းတချို့ နှင့် အနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့ပါဝင်ကြောင်းAAဆိုသည်။

စက်တင်ဘာလ (၆) ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

စစ်ရှုံး စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိသည်။

#PPV0012
ဓာတ်ပုံ-AA
#လူ့အခွင့်အရေး
#ရခိုင်ပြည်နယ်
#ပေါက်တောမြို့နယ်
#ရှင်ရွာကျေးရွာ
#စစ်သုံ့ပန်းများနှင့်
#အကျဉ်းသားများအားဆေးကုသပေးနေသည့်နေရာ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *