The People’s voice- ခမ်းသားငေါဝ်း
fact check
သတင်းဖြန့်ဝေသူ – Khon Sai Oo တယ်လီဂရမ် အကောင့်ပိုင်ရှင်မှ ‘’(ဘုရားသခင်) ဖျားသခင် ကောက်ညှင်းကျွေးလို့ ဒီမနက်တွေ့ကြရတာ” ဟု စက်တင်ဘာ ၅ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းပစ်ဗုံးကြဲချမူကြောင့် သေဆုံးသွားသည့် ကလေးပုံများနှင့်တကွ အာဏာသိမ်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် နောက်ပြောင်ရေးသား ဝါဒဖြန့်ထားပြီး ဖျားသခင် အရေးသားကို ခမ်းသားငေါဝ်းမှ “ဘုရားသခင်” ဆိုလိုသည်ဟု ယူဆရပါသည်။ ထို့အပြင် “နောက်ထပ် မာဝီတို့အဖွဲ့လာဦးမယ် ခဏစောင့်”ဆိုပြီး ခြိမ်းခြောက်ထားသည့် စာသားပါ ရေးသားထားသည်။ ၄င်း post ကို ကြည့်ရှု့သူ ၅၂၁ ဦး ရှိထားပြီး၊ ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ လိုက်ခ်နဲ့ ရီအက်ပြုလုပ်ထားသူ ၁၄ ဦး ရှိနေပြီ ဖြစ်ပါသည်။
ထိုအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စိစစ်သည့်အခါ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ဒေသခံ သတင်းမီဒီယာဖြစ်သည့် ကန္တာရဝတီတိုင်း(မ်)က စက်တင်ဘာလ ၅ ရက်နေ့ ည ၉နာရီကျော်အချိန်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက လအိကျေးရွာရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို ပေါင် ၅၀၀ ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ကျောင်းနေအရွယ်ကလေး ၊ အသက် ၄၀ ကျော် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းကို ဖော်ပြထားပါသည်။
ဖတ်ရှူ့ရန် သတင်းလင့် – https://www.facebook.com/share/p/qwGqNpqz57HdSPRo/
ဆက်စပ်သတင်း ဖတ်ရှူ့ရန်လင့်- https://www.facebook.com/share/p/jdaERvvGLMoMubRP/
ထိုသတင်းကို သတင်းမီဒီယာဌါနကြီးဖြစ်သည့် ဗွီအိုအေ သတင်းဌါနတွင်မှာလည်း ”စစ်ဘေးဒုက္ခသည် ၁၀၀၀ လောက် ရှိနေသည့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲရှိ စစ်ဘေးရှောင်စခန်းတခုအပေါ် ကြာသပတေးနေ့ ၊ စက်တင်ဘာ ၅ ရက် ညပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗုံးကြဲမှုကြောင့် ကလေး ၅ ယောက်အပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တယောက်က ဗွီအိုအေ သတင်းဌါနကို အခုလိုပြော ပြထားသည်ကို တွေ့ရပါသည်။
သတင်းဖတ်ရှူ့ရန် လင့်- https://burmese.voanews.com/…/airstrike-in…/7773653.html
ထိုအပြင် ဒေသခံ သတင်းမီဒီယာတွေ ဖြစ်ကြသည့် ခမ်းသားငေါဝ်းတွင် “ဗုံးထိတဲ့ တဲထဲက မိသားစုတွေအကုန်သေ တယ်ပေါ့ နော်၊ ကလေးတွေလည်းပါတယ်၊ ၈ ယောက်တော့ ပွဲချင်းပြီးသေသွားတယ်၊ မနက်ရောက်မှ ကလေးလေး ခြေထောက် တစ်ဖက်ထပ်တွေ့တော့ ၉ ယောက်ပေါ့နော်၊ ဒဏ်ရာရသူတွေက အများကြီးရှိတယ်၊ အရေအတွက်အတိအကျတော့ မသိသေးဘူး” ဟု ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနေ ဒေသခံတဦးက ခမ်းသားငေါဝ်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောပြထားပါသည်။
သတင်းဖတ်ရှူ့ရန်လင့် – https://www.facebook.com/share/p/GdhCS9Pb4y8Hmf8b/
သုံးသပ်ချက်
ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် သောကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့သည့် ဖြစ်စဥ်သည် အမှန်ဖြစ်ပါသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြရေးသားထားသည့် ဘုရားသခင် ကောက်ညှင်းကျွေးလို့ သေဆုံးသွား သည်မှာ နောက်ပြောင်ရေးသား ဝါဒဖြန့်ထားသည့် သတင်းအမှား အကြောင်းအရာသာ ဖြစ်ပါသည်။
ကောက်ညှင်းထုပ်ပွဲတော်နှင့် ကလေးသေဆုံးခြင်းသည် သက်ဆိုင်မူ မရှိခြင်းနှင့် ကလေးသေဆုံးသွားမူသည် စက်တင်ဘာလ ၅ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ဒါအပြင် ကယားရိုးရာ အဲဒူ(ခေါ်) ဒီးကူ ကောက်ညှင်းထုပ် ပွဲတော်သည် ယခုနှစ် ၂၀၂၄ စက်တင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် ကျင်းပကြခြင်း ဖြစ်ပါသည်။
ကယားရိုးရာအဲဒူ(ခေါ်)ဒီးကူ ကောက်ညှင်းထုပ်ပွဲတော်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သော ပွဲတော်တစ်ခု ဖြစ်ပါ သည်။ ယင်းပွဲတော်ကို ဒီးကူလို့ခေါ်သည့် ကောက်ညင်းမုန့်အချွန်ကို သုံးခုတစည်းစည်းပြီး မုန့်လုပ်စားခြင်းသည် ယခင်က ထိုင်း၊ ဗြိတိသျ၊ နယ်ချဲ့ဂျပန်တို့ ကို တိုက်ထုတ်သည့် ကရင်နီမျိုးနွယ်စု ကယား၊ ကခူး၊ ကယော သုံးမျိုး ၏ စည်းလုံးညီညွတ်မှုသင်္ကေတ ကို ဖော်ညွန်းထားခြင်းဖြစ်သည်။ ထိုဒီးကူပွဲတွင် ကြက်ရိုးထိုးပြီး နိုင်ငံရေးကောင်းမကောင်း၊ သီးနှံစိုက်ပျိုးမှု ဖြစ်ထွန်းမှုရှိမရှိဆိုသည်ကို အဖြေရှာသည့် ဓလေ့ တစ်ခုလည်း ပြုလုပ်သည်။ ထို့ကြောင့် အဲဒူ(ခေါ်) ဒီးကူ ပွဲတော်ကို စပါးစိုက်ပျိုးပြီးချိန် တော်သလင်းနှင့် သီတင်းကျွတ်လများတွင် ကျင်းပလေ့ရှိကြပါသည်။ ကယားရိုးရာ ကောက်ညှင်းထုပ်ပွဲအကြောင်း ဖတ်ရှူ့ရန် လင့် – https://www.kayahstate.gov.mm/…/2021-04-04t1852120200
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုစာမျက်နှာပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနများက သတင်းများကို ဝင်ရောက်ဖတ်ရှု ရန်အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပိုမေးမြန်းနိုင်ပါသည်။