ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၀၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းမှ အစပျိုးသော လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် အိန္ဒိယ နိုင်ငံ အလယ်ပိုင်းတွင် ကုန်းတွင်း မုန်တိုင်းငယ်အဆင့်ဖြင့် ရက် ၃၀ ခန့်ဆက်လက်အားကောင်းလာနိုင်သောကြောင့် မြန်မာနိုင်ငံဒေသတစ်ချို့တွင် မုတ်သုံမိုးများ နေရာကွက် ၍ သည်းထန်စွာရွာသွန်းနိုင်ခြေရှိကြောင်း NUG က စက်တင်ဘာလ 9 ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ယခုရက်ရက်သတ္တပတ် အတွင်းအဆိုပါ အားကောင်းလာသော ကုန်းတွင်း မုန်တိုင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်းဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်နီ( ကယား) ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးကြီးနိုင်ပြီး မိုးရွာသွန်းမှုကြောင့် ရေဘေး၊ မြေပြိုဘေး အထူးသတိပြုသင့်ကြောင်း ဖော်ပြထားသည်။

ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခန မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းအလွန်ကြီးနိုင်ကာ မိုးသက်လေပြင်းကျစဥ် ရေပြင်၊မြေပြင်လေသည် အနောက်၊အနောက်တောင်ဘက်မှ တစ်နာရီ ၁၅ မိုင်မှ မိုင် ၄၀ အထိတိုက်ခတ် နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

PPV 003
ဓာတ်ပုံ-NUG
#မိုးလေဝသ
#ဘင်္ဂလားပင်လယ်အော်
#မုန်တိုင်းကြောင့်
#မွန်ပြည်နယ်
#ကရင်ပြည်နယ်
#ကရင်နီကယားပြည်နယ်
#ရှမ်းပြည်နယ်
#ရခိုင်ပြည်နယ်
#မိုးကြီးနိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *