ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၀၊ ၂၀၂၄

“ဝ”ပြည်၊ မိုင်းပေါက်မြို့တွင် စတင်ဘာလ (၉)ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးကာ နေအိမ်၊ အဆောက်အအုံများ နေနှစ်မြှုပ်ကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ”ပြည်နယ်တွင် စက်တင်ဘာလ (၉)ရက်နေ့ မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်၊အဆောက်အအုံနှင့် လမ်းများ တစ်ဝက်ခန့် ရေနှစ်မြှုပ်နေသည်၊၊

“ငါတို့ ဆိုင်ခန်းဌားထားတာတောင် ရေမြှုပ်ပြီး ပစ္စည်းတချို့လည်း ပျက်စီးတယ်။ ခုထိလည်း ရွာနေတုန်း၊အလိုလို ကြောက်တောင်ကြောက်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နေရာအတော်များများတွင် ရေကြီးမှုဖြစ်ပေါ်နေကြောင်းသိရသည်။

ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်၊မိုင်းယောင်း၊မိုင်းဖျက်၊တာလေ၊ရွှေတြိဂံဒေသ၊ မယ်ဆိုင်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းလား၊မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပန်၊မိုင်းပြင်း၊ပန်ဆန်း၊မိုင်းယု စသည့်မြို့များတွင် စက်တင်ဘာလ (၉)ရက်(၁၀)ရပ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနိုင်ပြီး ရေကြီး‌ေရလျှံမှုဖြစ်‌‌ေပါ်နိုင်‌သဖြင့် အထူးဂရုစိုက်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒသတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့တွင်လည်း စက်တင်ဘာ (၉)ရက်တွင် မယ်ဆိုင် ချောင်းရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဝပြည်
#မိုင်းပေါက်မြို့
#မိုင်းပေါက်
#မိုင်းယောင်း
#မိုင်းဖျက်၊တာလေ
#ရွှေတြိဂံဒေသ
#မယ်ဆိုင်
#တာချီလိတ်
#ကျိုင်းတုံ
#မိုင်းလား
#မိုင်းဆတ်
#မိုင်းတုံ
#မိုင်းပန်
#မိုင်းပြင်း
#ပန်ဆန်း
#မိုင်းယု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed