ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၀၊ ၂၀၂၄

ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တစ်ချို့တွင်‌ ‌ရေကြီးရေလျှံမှုဖြစ်ပွားပြီးနေအိမ်တချို့နှစ်မြှုပ်သွားကြောင်းစက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောမြို့တွင်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းရှိရပ်ကွက်၂၊ ၃၊ ၄ တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်းသိရသည်။

“တောင်ပေါ်မြို့တွေမှာ ရေကြီးတာကြာကြာမှတစ်ခါကြားဖူးတယ်၊ မြေနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေတော်တော်မြုပ်တယ်၊ ပိတ်မိနေတဲ့သူတွေလဲရှိတယ်၊ရုတ်တရက်ကြီးဆိုတော့လေ၊ တစ်ချိူ့ဖုန်းလိုင်းတွေလဲမရဘူးဒီမနက်”ဟုဒေသခံတစ်ဦးကပြောသည်။

အောင်ပန်းမြို့အဝင် သာမိုင်းခမ်းဆည်တံတားသည်လည်း ရေကျော်နေသည့်အတွက် သွားလာ၍မရသေးကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်တရား၊တီကျစ်သွားလမ်းမပေါ်တွင်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

စက်တင်ဘာလဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်နေရာတော်တော်များများတွင်&ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။

#PPV0012
#Photo -Online
#သဘာဝဘေး
#ကလောမြို့
#မိုးအဆက်မပျက်ရွာသွန်း
#ရေကြီးရေလျှံ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed