ခမ်းသားငေါဝ်း

စက်တင်ဘာ ၉၊ ၂၀၂၄

လားရှိုးမြို့တွင် ယနေ့ စက်တင်ဘာလ (၉)ရက် နံနက် (၁၀)နာရီ (၂၅)မိနစ်အချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲချသဖြင့် ပြည်သူနေအိမ်များ ထိခိုက်မှုရှိကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှုဖြစ်ပြီး ပြည်သူနှင့်နေအိမ်များ ပျက်စီးမှုရှိနေကြောင်း လူထိခိုက်မှုစာရင်းကိုတော့ အတိအကျမသိရသေးကြောင်း လားရှိုးဒေသခံက ပြောသည်။

“ရပ်ကွက်(၁ )၊ ထွေအုပ်ရုံးနှင့် ဗျူဟာလမ်းမှာ ကျဲသွားတယ်။ သတိထား‌ပြီး‌နေနေပေမဲ့ မတတ်နိုင်ဘူး။အခုချိန်ထိလည်း မြို့ထဲ လေယာဉ်ဝဲနေတုန်း။ သတိထားပြီး ပုန်းနေကြဖို့ ပြောချင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမှုသည် တတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ဩဂုတ်လ (၃၀) ရက်နေ့၊ ဒုတိယအကြိမ်သည် စက်တင်ဘာ (၈)ရက်နေ့ နံနက် (၄) နာရီဖြစ်ပြီး ယခုတတိယအကြိမ်သည် စက်တင်ဘာလ (၉)ရက် နံနက်ပိုင်း (၁၀)နာရီ ဝန်းကျင်တွင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

PPV0011
ဓတ်ပုံ-FYV
#လူ့အခွင့်အရေး
#လားရှိုး
#လေယာဥ်ဖြင့်ဗုံးကြဲ
#တတိယအကြိမ်
#ပုန်းနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed