ခမ်းသားငေါဝ်း

စက်တင်ဘာ ၉၊၂၀၂၄

နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာနှင့် စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းတိုက်ပွဲတွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးလျက်ရှိကြောင်း TNLA သတင်းဌာနမှ ထုတ်ပြန်ထားပါသည်။

ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာ၌ စက်တင်ဘာ ၇ ရက် နံနက် (၄း၁၀) နာရီအချိန်တွင် သဲခေါ်ရွာ၊ မကျီးရေရွာနှင့် စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်း နံနက် (၈း၄၀)နာရီအချိန်၌ TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးလျက်ရှိကြောင်း TNLA ကထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာမှ Y12ဖြင့် (၇)ကြိမ် ဗုံး(၃၈)လုံး ဖြင့်လည်းကောင်း၊ မကျီးရေရွာ Jet Fighter ဖြင့်(၂)ကြိမ်၊ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းနေရာမှ Y12 ဖြင့်(၁၂)ကြိမ် ဗုံး(၆၀)လုံးလာရောက်ကြဲချခဲ့ကြောင့်နှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်(၉၀၂)တပ်စခန်းနေရာမှ ထောက်ပို့ယာဉ် Y12 ဖြင့် လက်နက်ခဲယမ်းများ (၈၃)ထုပ်များဖြင့် လာရောက်ဗုံကြဲခဲ့ကြောင်းကို လည်းထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့ရခြင်းဖြစ်ကြောင့် ထုတ်ပြန်ချက်တွင်ဆိုထားသည်။

PPV0013
ဓာတ်ပုံ-TNLA
#စစ်ရေး
#နောင်ချိုမြို့နယ်
#သဲခေါ်ရွာ
#မကျီးရေရွာ
#စစ်ကောင်စီအမြောက်တပ်
#၃၅၄တပ်စခန်း
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *